Connect with us

Hi, what are you looking for?

သတင်း

နတ်သံကွင်း ရဲစခန်း အပါအဝင် ပစ်မှတ် ၅နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၃၀သေ၊ လက်နက်ခဲယမ်းများရ

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ကိုလည်း ဇွန်လ ၂ရက်တွင် KNU ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီတပ်ရင်းနောက်တန်းဌာနချုပ် တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)

▪︎စစ်​ရေးရည်မှန်းချက်ဖြစ်သည့် နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားကို ဖျက်ဆီးနိုင်ခဲ့ဟုအမှတ် (၂ )စစ်ဒေသဒုစစ်ဒေသခွဲမှူး​ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့ မနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု အမှတ်၂ စစ်ဒေသဒုစစ်ဒေသခွဲမှူးကပြောသည်။

ဇွန်လ ၆ရက် နံနက် အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လေကြောင်းတို့ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)

“မနက် ၄ နာရီမှာ စတိုက်တယ် အဓိကရည်ရွယ်ချက်က နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတာကို ဖျက်ဆီးဖို့ ဖြစ်ပါတယ် စစ်ဆင်ရေးအကောင်အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း တံတားအရှေ့ကင်း အနောက်ကင်း ရေတွင်းကုန်းရွားနား နှင့် ဘုံသတော ရွာနား စတဲ့ ပစ်မှတ် ၅ခုကို တစ်ပြိုင်းတည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူ့ဘက်က စုစုပေါင်း ၃၀ ကျပါတယ် မိမိဘတ်က ၄ ဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်စွန့်သွားခဲ့ရပါတယ်” ဟုဒုစစ်​ဒေသခွဲမှူးက ပြောသည်။

စစ်ကောင်စီဘက်က လေယာဉ်၊ လက်နက်ကြီးဖြင့် မြို့ထဲသို့ တောက်လောက် ပစ်ခတ်ခဲ့ရာ ယခုညပိုင်းအထိလက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း၊ ထိုသို့ ပစ်ခတ်မှုများကြောင့် မြို့ခံများ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်ဦးရေ တိုးလာနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မူလရည်းမှတ်ချက် တံတားကိုတော့ အောင်မြင်အောင် ချိုးနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။

နတ်သံကွင်းတိုက်ပွဲ၌ ရန်သူ့ဘက်က တင့်ကားများ အသုံးပြုပြီး စစ်ဆင်ရေးပြုလုပ်မည်ဟု သတင်းရထား၍ တံတားကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်က ပြောသည်။

“ဒီကောင်တွေ(စစ်ကောင်စီတပ်)တင့်တွေ(တင့်ကားများ)ပါလာမယ်လို့ သတင်းရတယ်။ သတင်းရတော့ ခွဲလိုက်တာလို့ ပြောတယ်” ဟု၎င်းကဆက်ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)

KNU သတင်းရင်းမြစ်တစ်ဦးကလည်း ထိုသို့ တိုက်ခိုက်မှုသည် ရန်သူ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးအောင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။

“အခုက နေရာတိုင်းမှာပဲ ။ ရဲစခန်းတို့ ဘာတို့ အထူးသဖြင့် ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားပေါ့နော်။ တပ်မဟာ(၃)မှာလည်း ဖြစ်တယ်။ တပ်မဟာ(၆)မှာလည်းဖြစ်တယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ကိုလည်း ဇွန်လ ၂ရက်တွင် KNU ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီတပ်ရင်းနောက်တန်းဌာနချုပ် တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ၊ PDFအမှတ်(၂)စစ်ဒေသမှ တပ်ဖွဲ့ဝင်များနှင့် ကျိုးသွား​​သော နတ်သံကွင်းစစ်​တောင်းတံတား။ ဓါတ်ပုံ-PDFအမှတ် ၂ စစ်​ဒေသ)

“သူတို့ စစ်ရေးအရ အထောက်အကူပြုမယ့်တံတားကို ဖျက်ဆီးလိုက်တာ။ ရန်သူလည်း လုပ်တာပဲ။ ဥပမာ တပ်မဟာ(၆)မှာ သူတို့တံတားတွေဘာတွေဖျက်တာပဲ။ရန်သူက အခု သူက ခံစစ်သဘောဖြစ်နေတဲ့အခါ သူတို့လည်းလုပ်တာပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ဆောင်ရွက်မှုကို ပြည်သူများကလည်း နားလည်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ ပြုတ်ကျရေးက အဓိက ဖြစ်ပြီး ပြန်လည်ထူထောင်ရေးကာလတွင် တည်ဆောက်ရေးလုပ်ငန်းများ အကောင်းဆုံးလုပ်ဆောင်သွားရမည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။