Connect with us

Hi, what are you looking for?

သတင်း

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

ဇွန်လ ၆ ရက်မနက်ပိုင်းက KNU တပ်မဟာ ၃ ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၅ ခုကို တပြိုင်တည်းဝင်တိုက်ခဲ့တာပါ။

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ
နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်း နတ်သံကွင်းဒေသမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇွန်လ ၆ ရက်က တပ်စခန်းနဲ့ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၄,၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU ကဆိုပါတယ်။

ဇွန်လ ၆ ရက်မနက်ပိုင်းက KNU တပ်မဟာ ၃ ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၅ ခုကို တပြိုင်တည်းဝင်တိုက်ခဲ့တာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းမှာရှိတဲ့ စစ်တောင်းမြစ်ကူး နတ်သံကွင်း တံတားအပါအဝင် တံတား ၃ စင်းကို ချိုးဖျက်ခဲ့တယ်လို့ KNU ကဒီနေ့မှာ ဆိုထားပါတယ်။

နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ
နတ်သံကွင်းဒေသ တိုက်ပွဲအပြီး ဒေသခံ ၄,၅၀၀ ကျော် တိမ်းရှောင်နေရ

စခန်းတွေတိုက်ခိုက်ခံရတဲ့နေ့မှာ စစ်ကောင်စီလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၊တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ရှိခဲ့ပြီး ဒီနေ့ထိတိုင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာရှိတယ်လို့ KNU ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် နတ်သံကွင်းတံတား နဲ့ နတ်သံကွင်းရဲစခန်းမှာ ပြန်လည်တပ်စွဲတဲ့ စစ်ကောင်စီတပ်ဟာ အနီးပတ်ဝန်းကျင်ရပ်ကွက်က ပြည်သူတွေကို အဓမ္မ နေရပ်ရွှေ့ပြောင်းစေတာတွေ ရှိနေတယ်လို့ KNU ဗဟိုက ဒီနေ့မှာဖော်ပြပါတယ်။

Public Service Announcement
Public Service Announcement

ဒါကြောင့်ကျေးရွာတွေက ပြည်သူတွေအပါအဝင် ဒေသခံ ၄၅၀၈ ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ပြောပါတယ်။

ဇွန်လ ၆. ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU က ဖော်ပြပါတယ်။

KNU ပူးပေါင်းတပ်တွေဘက်ကလည်း ၄ ဦးကျဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။