Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းရှေ့တန်းစစ်မြေပြင်သို့ NUG ပြည်ထဲရေးဝန်ကြီး သွားရောက်

ဝန်ကြီး၏ ခရီးစဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့လည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

(ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့သည့် ဝန်ကြီးဦးလွင်ကိုလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Royal Peacock Column)
(ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့သည့် ဝန်ကြီးဦးလွင်ကိုလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Royal Peacock Column)

အမျိုးသားညီညွတ်ရေးအစိုး(NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင်အဖွဲ့သည် ပဲခူးတိုင်းအတွင်းရှိ ရှေ့တန်းစစ်မြေပြင် တစ်နေရာသို့လာရောက်ခဲ့ကြောင်း Royal Peacock Column က ယနေ့ ထုတ်ပြန်သည်။

NUG၏ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ ဦးလွင်ကိုလတ်သည် မေလ ဒုတိယအပတ်အတွင်းက ပဲခူးတိုင်းရှိ royal Peacock Column ရှေ့ထွက်စစ်ကြောင်း၏ရှေ့တန်း စစ်မြေပြင်သို့ သွားရောက်ကာ ရဲဘော်များကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ဝန်ကြီးနှင့်အဖွဲ့သည်ကျေးရွာများသို့ သွားရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဝန်ကြီး၏ ခရီးစဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့လည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြည်ထောင်စုဝန်ကြီးလာရောက်သည့်နေရာ ဒေသနှင့် ကျေးရွာများ၏ အမည်ကို ယခုထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

တော်ဝင်ဒေါင်းစစ်ကြောင်း(Royal Peacock Column)သည်KNU တပ်မဟာ(၅)နယ်မြေအတွင်း ၌လည်း စစ်ရေးလှုပ်ရှားမှုရှိသည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။

နိုင်ငံတကာ

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။