Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် မွန်ပြည်နယ်မှလာရောက်သည့်ရဲဘော်တစ်ဦး မိုင်းဆင်ရင်းမ​တော်တဆဖြစ်၍ ကျဆုံး

၎င်း၏ရုပ်အလောင်းအား ပြန်သယ်ခဲ့ပြီးကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်း၏မိသားစုနှင့်လည်းအဆက်အသွယ်မရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

(ကျဆုံးခဲ့သော ရဲဘော်ဇာမဏီအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(ကျဆုံးခဲ့သော ရဲဘော်ဇာမဏီအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်မွန်ပြည်နယ်မှလာရောက်၍ စစ်​ကောင်စီတပ်အားပူး​ပေါင်းတိုက်နေ​သည့် ရဲဘော်တစ်ဦး မိုင်းဆင်ရင်းမ​တော်တဆဖြစ်၍ ကျဆုံးခဲ့သဖြင့်ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ရဲဘော်များက ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဝက်လက်မှ ထွက်လာသော စစ်ကောင်စီတ​ပ်သားများအားမိုင်းဆွဲတိုက်ခိုက်ရန် မင်းကုန်းကြီးရွာအနီးတွင်မိုင်းဆင်နေသော အသက်၂၂နှစ်အရွယ် ရဲဘော်ဇာမဏီသည် မိုင်းမတော်တဆပေါက်ကွဲကာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်တပ်ပေါင်းစုအဖွဲ့မှခေါင်းဆောင်တစ်ဦးက ပြောသည်။

“စစ်တပ်ကရွာအနောက်ကဝင်တော့သူရှေ့မှာနည်းနည်းလောသွားတယ်ထင်တယ်။ မန္တလေးသူငယ်ချင်းအဆက်အစပ်နဲ့ရောက်လာတာ။ သူကတခြားဘက်ကိုသွားမှာ။ သူကလည်းအရင်ကမိုင်းတွေဘာတွေလုပ်ဖူးတယ်။ ဧည့်သည်အဖြစ်နဲ့ပါတာ။ ဒီဘက်မှာပွဲရှိတော့လိုက်ချင်တယ်သွားရုံပဲဆိုပြီး ပါသွားရင်းနဲ့မိုင်းသွားဆင်တာ။ သူရောက်တာမကြာသေးဘူး။ တစ်လကျော်ကျော်ပဲရှိသေးတယ်။”ဟု တပ်ပေါင်းစုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက People’s Springသို့ပြောသည်။

၎င်း၏ရုပ်အလောင်းအား ပြန်သယ်ခဲ့ပြီးကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်း၏မိသားစုနှင့်လည်းအဆက်အသွယ်မရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။