Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် မွန်ပြည်နယ်မှလာရောက်သည့်ရဲဘော်တစ်ဦး မိုင်းဆင်ရင်းမ​တော်တဆဖြစ်၍ ကျဆုံး

၎င်း၏ရုပ်အလောင်းအား ပြန်သယ်ခဲ့ပြီးကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်း၏မိသားစုနှင့်လည်းအဆက်အသွယ်မရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

(ကျဆုံးခဲ့သော ရဲဘော်ဇာမဏီအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(ကျဆုံးခဲ့သော ရဲဘော်ဇာမဏီအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်မွန်ပြည်နယ်မှလာရောက်၍ စစ်​ကောင်စီတပ်အားပူး​ပေါင်းတိုက်နေ​သည့် ရဲဘော်တစ်ဦး မိုင်းဆင်ရင်းမ​တော်တဆဖြစ်၍ ကျဆုံးခဲ့သဖြင့်ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ရဲဘော်များက ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဝက်လက်မှ ထွက်လာသော စစ်ကောင်စီတ​ပ်သားများအားမိုင်းဆွဲတိုက်ခိုက်ရန် မင်းကုန်းကြီးရွာအနီးတွင်မိုင်းဆင်နေသော အသက်၂၂နှစ်အရွယ် ရဲဘော်ဇာမဏီသည် မိုင်းမတော်တဆပေါက်ကွဲကာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်တပ်ပေါင်းစုအဖွဲ့မှခေါင်းဆောင်တစ်ဦးက ပြောသည်။

“စစ်တပ်ကရွာအနောက်ကဝင်တော့သူရှေ့မှာနည်းနည်းလောသွားတယ်ထင်တယ်။ မန္တလေးသူငယ်ချင်းအဆက်အစပ်နဲ့ရောက်လာတာ။ သူကတခြားဘက်ကိုသွားမှာ။ သူကလည်းအရင်ကမိုင်းတွေဘာတွေလုပ်ဖူးတယ်။ ဧည့်သည်အဖြစ်နဲ့ပါတာ။ ဒီဘက်မှာပွဲရှိတော့လိုက်ချင်တယ်သွားရုံပဲဆိုပြီး ပါသွားရင်းနဲ့မိုင်းသွားဆင်တာ။ သူရောက်တာမကြာသေးဘူး။ တစ်လကျော်ကျော်ပဲရှိသေးတယ်။”ဟု တပ်ပေါင်းစုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက People’s Springသို့ပြောသည်။

၎င်း၏ရုပ်အလောင်းအား ပြန်သယ်ခဲ့ပြီးကောင်းမွန်စွာသင်္ဂြုလ်ပေးခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်း၏မိသားစုနှင့်လည်းအဆက်အသွယ်မရသေးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်ဖို့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ လည်း ကြေညာချက်မှာဖော်ပြတယ်။