Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၌ ဖယောင်းတိုင်ကစတဲ့မီး စျေးဆိုင်၁၀ခန်းနှင့် နေအိမ်တစ်လုံး ဆုံးရှုံး

မီးလောင်မှုအကြောင်းရင်းမှာ ဆိုင်ခန်းအတွင်းထွန်းထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် အနီးရှိ ဝါးထရံကို ကူးစက်လောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ဖေ့စ်ဘွတ်ခ်)
(မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ဖေ့စ်ဘွတ်ခ်)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးစတင်လောင်ခဲ့ရာ နေအိမ်တစ်လုံးနှင့် စျေးဆိုင် ၁၀ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက အသိပေးထားသည်။

ဇွန်လ ၁၂ ရက် ည ၉ နာရီခွဲခန့်တွင် စစ်တွေမြို့နယ် ဒါးပိုင်(ရွာသစ်) ကျေးရွာ၌ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၁နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုအကြောင်းရင်းမှာ ဆိုင်ခန်းအတွင်းထွန်းထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် အနီးရှိ ဝါးထရံကို ကူးစက်လောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မီးလောင်မှုကြောင့် လူနေအိမ် တစ်လုံး နှင့် စျေးဆိုင် ၁၀ခန်းမီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခသည် ငါးဦးသည် ၎င်းတို့၏‌ဆွေမျိုးများထံ၌ ယာယီနေထိုင်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် ဦးဆောင်၍ စစ်တွေခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများ ၊သန္ဓေ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၄၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့နှင့်သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။