ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာမွတ်ဆလင် ၄၀၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင့် အဆိုပါစခန်းများသို့ကူညီရန်ရောက်ရှိနေသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။
မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူများတွင် ပင်လာ်ကမ်းရိုးတန်းအနီးကျေးရွာများဖြစ်သော စံပြမှ ၅၀ ဦးခန့်၊ ဒါးပိုင်မှ ၂၀၀ နီးပါး၊ ဗေဒမှ ၁၁၀ ခန့်၊ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နှင့် အခြားနေ ရာများမှ ၅၀ နီးပါး အသီးသီးရှိနေသည်ဟု ၎င်းကရှင်ပြသည်။
“အခုလက်ရှိ ကျွန်တော်တို့ လူသေအလောင်းတွေကို မြှပ်ဖို့လုပ်နေရတုန်း။ အခု ကျွန်တော်မြေပြင်မှာ ရောက်နေပါတယ်။ သေဆုံးတဲ့သူက (၄၀၀)အထက် ကျော်ပါတယ်”ဟု မုန်တိုင်းဒဏ်ခံ ဒုက္ခသည်စခန်းများသို့ စာရင်းပြုစုရန် ရောက်နေသူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် အထက်ပါကျေးရွာများနှင့် စခန်းများသို့ ကယ်ဆယ်ရေး ရောက်လာခြင်း မရှိသေးသလို ယင်းနေရာများသို့သွားရောက်နိုင်သည့် သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနှင့် မင်းဂံသွားလမ်း တံတားများ ပျက်စီးနေခြင်းကြောင်း စုံစမ်းသိရသည်။
ရခိုင်ပြည်နယ်တွင် စစ်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ဇွန်လ၌ ကျောက်နီမော်တွင် မသီတာထွေး အဓ္ဓကျူးလွန်ခံရသည်ဆိုကာ ဘာသာရေး ၊လူမျိုးရေး သွေးထိုးမှုများမှတစ်ဆင့်လူမျိုးရေးဘာသာရေးအဓိကရုန်းဖြစ်ပွားခဲ့သည်။အဓိကရုန်းများကြောင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းချက်နှင့် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်များလက်ချက်ဖြင့်အစ္စလာမ်ဘာသာဝင် ဆယ်နှင့်ချီအသတ်ခံရသည်။ထိုကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာ များအပါအဝင် အစ္စလာမ်ဘာသာဝင်များစွာမှာ သက္ကပြင်အပါအဝင် ဒုက္ခသည်စခန်းများ၌ ၂၀၁၂ ခုနှစ်ကတည်းကနေထိုင်ခဲ့ကြရခြင်းဖြစ်သည်။
စစ်တွေမြို့နယ်အတွင်း မွတ်ဆလင် ဒုက္ခသည်စခန်းပေါင်း ၁၀ ခုကျော်ရှိ ပြီး သက္ကပြင် ၊သဲချောင်း၊ ဓါးပိုင်၊မော်သိညှာ၊ ခေါင်းဒုက္ကာ ၁-၂ ၊ဘောဒူဘ ၁-၂၊ အုန်းတောကြီး တောင်၊ အုန်းတောကြီး မြောက်၊ ဆေးသမား စသောစခန်းများတွင်ဒုက္ခသည် တစ်သိန်းခွဲ ဝန်းကျင်နေထိုင်နေကြပြီး စခန်းအတွင်မှာ ဒုက္ခသည်များမှာ စခန်းပြင်ဘက်သို့ လွတ်လပ်စွာသွားလာခွင့်မရှိကြပေ။
အာဏာသိမ်းစစ်ခေါင်းဆောင်က မေ ၁၅ ရက်တွင် စစ်တွေမြို့သို့သွားပြီး မိုခါဆိူင်ကလုန်းမုန်တိုင်းတွင် စစ်ကောင်စီက ထိခိုက်သေဆုံးပျက်စီးမှုနည်းပါးအောင်လုပ်နိုင်ခဲ့ကြောင်းပြောခဲ့သည်။ မုန်တိုင်းကြောင့် ၃ ဦးသေပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။
သို့သော် မုန်တိုင်းဒဏ်ခံအဆိုးဆုံးခံရသောဒေသအများစုမှာအဆက်အသွယ်များပြတ်တောက်နေပြီး သေဆုံးမှုစာရင်းနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းများမှာ ဆက်တိုက်တိုးနေဆဲဖြစ်သည်။
