Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းစစ်ဒေသခွဲ စစ်ရေးတာဝန်ခံ ​ရှေ့တန်းမှရဲ​ဘော်များနှင့်လိုက်လံ​တွေ့ဆုံ

တနင်္သာရီတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း ငါးရင်းရှိပြီး မြို့နယ်တိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည်။ တနင်္သာရီတိုင်း၊ဆယ်မြို့နယ်စလုံးမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တနင်္သာရီစစ်ဒေသခွဲ၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။

(တနင်္သာရီတိုင်းစစ်ဒေသခွဲစစ်ရေးတာဝန်ခံက တနင်္သာရီတိုင်းရှိ PDFများနှင့်​တွေ့ဆုံ​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-တနင်္သာရီတိုင်းစစ်ဒေသခွဲ)
(တနင်္သာရီတိုင်းစစ်ဒေသခွဲစစ်ရေးတာဝန်ခံက တနင်္သာရီတိုင်းရှိ PDFများနှင့်​တွေ့ဆုံ​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-တနင်္သာရီတိုင်းစစ်ဒေသခွဲ)

▪︎PDFများကတိုက်ပွဲဝင်ရန်အသင့်ဖြစ်​နေပြီဟု​ပြော​ကြောင်းစစ်​ရေးတာဝန်ခံ​ပြော

စစ်ကောင်စီအား ခုခံတော်လှန်စစ်မှထိုးစစ်သို့ ပြောင်းလဲလာသည့်အပေါ် ကာကွယ်ရေးရဲဘော်များက စိတ်အားထန်သန်နေကြပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဟု ကြွေးကြော်ကြသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့သော တနင်္သာရီတိုင်းစစ်ဒေသခွဲ စစ်ရေးတာဝန်ခံကပြောသည်။

တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏စစ်ဆင်ရေးတာဝန်ခံနှင့်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှေ့တန်းတပ်ခွဲများမှ ရဲဘော်များနှင့် လိုက်လံတွေ့ဆုံနေပြီး အဆိုပါ တွေ့ဆုံမှုများတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စိတ်အားထက်သန်မှုကို” စစ်ရေးအရ ကျွန်တော်တို့ MOD က သတ်မှတ်ထားတဲ့ one year strategy ရှိတယ်။အခုကာလက တိုက်ခိုက်သိမ်းပိုက်တဲ့ကာလရောက်နေပြီ။ ဒီအပေါ်မှာ စစ်‌ဆင်ရေးလုပ်ဖို့အတွက် ကာကွယ်ရေးရဲဘော်တွေက စိတ်အားထက်သန်နေပါတယ်” ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

တနင်္သာရီတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း ငါးရင်းရှိပြီး မြို့နယ်တိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည်။ တနင်္သာရီတိုင်း၊ဆယ်မြို့နယ်စလုံးမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တနင်္သာရီစစ်ဒေသခွဲ၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။

(တနင်္သာရီတိုင်းစစ်ဒေသခွဲစစ်ရေးတာဝန်ခံက တနင်္သာရီတိုင်းရှိ PDFများနှင့်​တွေ့ဆုံ​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-တနင်္သာရီတိုင်းစစ်ဒေသခွဲ)
(တနင်္သာရီတိုင်းစစ်ဒေသခွဲစစ်ရေးတာဝန်ခံက တနင်္သာရီတိုင်းရှိ PDFများနှင့်​တွေ့ဆုံ​ဆွေး​နွေး​နေစဥ်။ ဓါတ်ပုံ-တနင်္သာရီတိုင်းစစ်ဒေသခွဲ)

တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံနှင့်အဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှေ့တန်းတပ်ခွဲများမှ ရဲဘော်များနှင့် ယခုရက်ပိုင်းလိုက်လံတွေ့ဆုံနေပြီး ဇွန်လ ၁၂ရက်တွင် မြိတ်ခရိုင်တပ်ရင်း(၂) ရှေ့တန်းရဲဘော်များနှင့် ဆွေးနွေးခဲ့ကြသည်။တနင်္သာရီတိုင်းအတွင်း ထား၀ယ်၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင် ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေပြီး စစ်ရေးတင်းမာနေကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။