Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများစုဖွဲ့လေ့ကျင့်မှုပြုလုပ်

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-NUG၊ MoD
ဓာတ်ပုံ-NUG၊ MoD

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်​ဒေသခွဲ PDF တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ၏ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများကိုယနေ့(ဇွန်လ ၂၂)ထုတ်ပြန်သည်။

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။

တပ်ရင်း ၅၁၀၁ မှ ရဲဘော်များအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနှင့် မြို့ပြစစ်ဆင်ရေးများ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိပါကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ် အသိပေးထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ သည် စစ်​ကောင်စီအား ရန်ကုန်တိုင်းတွင်စစ်ဆင် ​ရေးများပြုလုပ်ရန် ၊ရန်ကုန်တိုင်းပြင်ပမှ ဖိအား​ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်​ကြောင်းNUG ၊ကာကွယ်​ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က Myanmar Now သတင်းဌာနသို့​ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မတ်လ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook