Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမှ မယ့်စဲသို့စစ်ကူသွား​သောစစ်သားများကို စစ်တပ်​တိုက်​လေယာဥ်ကဗုံးကျဲမိ၍ထိခိုက်​သေဆုံးမှုများဟုဆို

မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်းများတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီက ဇွန်လ ၁၅ ရက်တွင် ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးမြှင့်ခဲ့သည်။စစ်​ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ကရင်နီပြည်သို့ ၂၀၂၂ ခုနှစ်တွင်စစ်​ကောင်စီကစစ်ကူစစ်သားများကို ​လေ​ကြောင်းမှ ပို့​ဆောင်ခဲ့စဥ်။ဓါတ်ပုံ-CJ)
(ကရင်နီပြည်သို့ ၂၀၂၂ ခုနှစ်တွင်စစ်​ကောင်စီကစစ်ကူစစ်သားများကို ​လေ​ကြောင်းမှ ပို့​ဆောင်ခဲ့စဥ်။ဓါတ်ပုံ-CJ)

မယ်စဲ့ တိုက်ပွဲအတွက် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကို စစ်ကောင်စီတပ်​လေယာဥ်က ဇွန် ၂၁ ရက်တွင်ဗုံးကျဲမိပြီး ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဖားဆောင်း PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ဇွန်လ ၂၁ ရက်က ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိကျောက်ပန်းညိုကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွား​နေစဥ်စစ်ကောင်စီက လေကြောင်းပစ်ကူအသုံးပြုတိုက်ခိုက်ခဲ့သည်။

“မနက်ပိုင်း တိုက်ပွဲမှာ ကျွန်တော်တို့ ဘက်ကို ဗုံးက မရောက်ဘဲနဲ့ သူ့တပ်သူ ပြန်ကျဲမိသွားတာပေါ့။အထိတော်တော်နာသွားကြတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့ကြောင့် လေယာဥ်ဖြင့် ဗုံးမှားကျဲမိခဲ့သော ဇွန် ၂၁ ရက်ကစ၍ ယ​နေ့(ဇွန် ၂၃ )အထိ စစ်ကောင်စီစစ်ကြောင်း များ ဖား​ဆောင်းမြို့နယ်တွင် ထိုးစစ်ဆင်မှုရပ်နားထားရကြောင်းလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(ကရင်နီပြည်သို့ ၂၀၂၂ ခုနှစ်တွင်စစ်​ကောင်စီကစစ်ကူစစ်သားများကို ​လေ​ကြောင်းမှ ပို့​ဆောင်ခဲ့စဥ်။ဓါတ်ပုံ-CJ)
(ကရင်နီပြည်သို့ ၂၀၂၂ ခုနှစ်တွင်စစ်​ကောင်စီကစစ်ကူစစ်သားများကို ​လေ​ကြောင်းမှ ပို့​ဆောင်ခဲ့စဥ်။ဓါတ်ပုံ-CJ)

စစ်​ကောင်စီတပ်မှ ​လေ​ကြောင်းပြန်သန်းမှုများ​စောင့်ကြည့်​ဖော်ပြ​သော EAR(Enemy Air Route Channel)၏ ​အချက်အလက်များအရ ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် ​နေပြည်​တော်​လေဆိပ်မှ Y8 စစ်တပ်သုံး​သယ်ယူပို့​ဆောင်​ရေး​လေယာဥ်မှာ နံနက် ၁၀ နာရီ ၄၇ တွင်​နေပြည်​တော်​လေဆိပ်မှ ​တောင်ဘက်သို့ပျံသန်းခဲ့သည်။ထိုအပြင်စစ်တပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင်အဓိကသုံး​သော ဂျက်ဖိုက်တာတစ်စီးမှာ​နေပြည်​တော်​လေဆိပ်မှ ​နေ့ခင်း ၁ နာရီ ၁၂ မိနစ်တွင်ထွက်ခွာခဲ့​သည်ကိုသိရသည်။သို့​သော်မည်သည့် ​လေယာဥ်က ဗုံးကျဲသည်ကိုမသိရ​သေးပါ။

သံလွင်တံတား(ဖားဆောင်း)ဘက် ယခင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)၏ဂိတ်စခန်းတစ်ခုတွင် စစ်ကောင်စီတပ်က တပ်စွဲထား​ကြောင်းသိရသည်။

“မယ်စဲ့ ဘက်ကိုတပ်ကူထပ်ဖြည့်မယ်ဆို ဒီတံတားက အရေးအကြီးဆုံးပဲ။အခုထိ ကျွန်တော်တို့က ပိတ်ပြီး တိုက်နိုင်နေတယ်။အရင်ရက်တွေက တိုက်ပွဲမှာဆို ဒရုန်းနဲ့ ကင်းထောက်တာတင် သူတို့ဘက်က သေတာနဲ့ ဒဏ်ရာရတာ ၁၀ ဦးကျော်ရှိတယ်။မှတ်တမ်းတွေလဲ မကြာခင်တင်ပေးဖို့ရှိပါတယ်”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။

ဖားဆောင်းမြို့နယ် အသိမ်းမခံရရေးအတွက်စစ်ကောင်စီတပ်က အင်အား ၃၀၀ ထက်မနည်းစစ်ကူစေလွှတ်ထားပြီး တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများမှာ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်နေသည်။

အဆိုပါထိုးစစ်ကိုဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ၊ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊လွိုင်​ကော် PDF နှင့် EAO-တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပူးပါင်းထား​သောတော် လှန်ရေးရဲဘော်များက ခုခံ တိုက်ခိုက်လျက်ရှိသည်။

မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်းများတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီက ဇွန်လ ၁၅ ရက်တွင် ဖားဆောင်းမြို့နယ်အတွင်း အင်အားတိုးမြှင့်ခဲ့သည်။စစ်​ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ(​ခြေလျင်တပ်ရင်း) ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။