Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမြို့​နေပြည်သူများကို စစ်​ကောင်စီကမြို့မှထွက်ခွာခိုင်း

ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်းနှင့် မယ်စဲ့ မြို့ကြား၌ ထိုးစစ်ဆင်မှု ပြုလုပ်နေသည်ဟု သိရသည်။

(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)
(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နေပြည်သူများကို မြို့မှထွက်ခွာရန် စစ်ကောင်စီကကြေညာကြောင်း ဒေသခံများနှင့် ကရင်နီလူမှုအသင်းအဖွဲ့များက ပြောသည်။

ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်းနှင့် မယ်စဲ့ မြို့ကြား၌ ထိုးစစ်ဆင်မှု ပြုလုပ်နေသည်ဟု သိရသည်။

“တနေ့(ဇွန် ၁၉ ရက်)က မြို့ထဲမှာကိုလိုက်ကြေညာတယ်။မနေတော့နဲ့ မကြာခင်စစ်ဖြစ်တော့မှာ။မသေချင်ရင် အခုကတည်းကထွက်ဖို့ပြောတယ်။အဓိကတော့မြို့ပေါ်ကနေရာစုံမှာ သူတို့တပ်တွေကို နေရာချ ချင်နေတာ”ဟုဖားဆောင်းမြို့ခံတစ်ဦးက People’s Spring သို့ပြောသည်။

လက်ရှိ ဖားဆောင်းမြို့တွင်းတိုက်ပွဲမှာလုံးဝ မရှိသေးဘဲ ဖားဆောင်းနှင့် မယ်စဲ့ ကြားရှိ ကျေးရွာ များတွင်သာ ရက်ဆက် တိုက်ပွဲများ ဖြစ်​နေသည်။

Public Service Announcement

Public Service Announcement

(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)
(ဖား​ဆောင်းမြို့ ကို Google Map တွင်​တွေ့ရမှု)

“မနေ့ကတော့ ဖားဆောင်းအထိုင်တပ်ခလရ ၁၃၅ ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သေတဲ့ သူတွေရှိတယ်သိရတယ်။အဲဒီလို အထိုင်တပ်တွေ ဝင်စီးပြီးတိုက်ခံရမှာ ကြောက်တော့ ပြည်သူတွေကို အတင်းအကြပ် ရွှေ့ ခိုင်းပြီး တစ်မြို့နယ်လုံးကို သူတို့ဘက်က စစ်ရေး ပြင်ဆင်နေချင်တယ်လို့ ယူဆရတယ်”ဟု ကရင်နီစစ် ရေးသတင်းရင်းမြစ်က ပြောသည်။

လူဦးရေ ၅,၀၀၀ ဝန်းကျင်ခန့်ရှိသောဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ အခြေစိုက်တပ်နှစ်ခုရှိပြီး လက်ရှိ စစ်ရေးအခြေအနေ ကြောင့် အင်အား ၃၀၀ ခန့်ထပ်မံ ဖြည့်တင်းထားသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

“ဖားဆောင်းက စစ်ရေးပိုတင်းမာလာမယ့် အခြေအနေမှာရှိတယ်။ပြီးခဲ့တဲ့ တနဂါ်နွေက မြို့ခံတွေကို ထွက်သွား ဖို့ စကစ က အမိန့်ထုတ်တယ်။လေကြောင်းတိုက်ခိုက်မှုတွေပိုများလာမယ်လို့ သုံးသပ်တယ်”ဟုကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN တာဝန်ရှိသူက ရှင်းပြသည်။

သို့​သော်ဖားဆောင်းမြို့တွင်း ဒေသခံများအနေဖြင့်မည်သည့်ဒေသ သို့စစ်ရှောင်မည်ကို မသိရသေးကြောင်းလည်း ၎င်းက အသိပေးသည်။

ဖားဆောင်းမြို့နယ်နှင့်ကပ်လျက်ရှိသောမယ်စဲ့ မြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး လူဦးရေ ၄,၀၀၀ ခန့်မှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး စစ် ရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။