Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ၍ အဆောက်အဦးအချို့ပျက်စီး

ဖာပွန်ခရိုင် ထော့ထီးပယ်ခိုဒေသသို့ ယမန်နေ့(ဇွန်လ ၂၇ရက်) နံနက် ၇နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁နာရီခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ပြီး လူမနေသည့် အဆောက်အဦးအချို့ဗုံးထိမှန် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဆောက်အဦးပျက်စီးမှုရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင် ထော့ထီးပယ်ခိုဒေသသို့ ယမန်နေ့(ဇွန်လ ၂၇ရက်) နံနက် ၇နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁နာရီခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ပြီး လူမနေသည့် အဆောက်အဦးအချို့ဗုံးထိမှန် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU-Mutraw News)

လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း အသိပေးခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးများ၏ မှတ်တမ်းဓာတ်ပုံများကို ဖော်ပြသည်။

ယခုတိုက်ခိုက်ခံရသည့်နေရာသည် ဖာပွန်(မူတြော်)ခရိုင်၏ မျိုးဆက်သစ်ကျောင်း ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီကလည်း လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးမှုရှိခဲ့ရာ လူမနေတော့သည့်နေရာဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU-Mutraw News)

စစ်ကောင်စီတပ်သည် KNU နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှု အိုးအိမ်ပျက်စီးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement
Public Service Announcement

KNU တပ်မဟာ(၅) အပါအဝင် တပ်မဟာအများစု၌တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄၀ကျော်သေဆုံးခဲ့ကြောင်း KNLA ဌာနချုပ်ရုံးက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို