Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနှင့် ဘီးလင်းတို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ယာဥ်တန်း တိုက်ခိုက်ခံရ

KNLA၊ ကျိုက်ထို (ပကဖ)၊TPDF-KD နှင့် Yangon Eagle Force အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဗုံးသီး လေးလုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း KRF က ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်။ဓာတ်ပုံ - CJ၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်။ဓာတ်ပုံ - CJ၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ယာဥ်တန်း တိုက်ခိုက်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန်လ ၃၀ရက်) နံနက် ၇နာရီခန့်ကစ၍ ဘီးလင်းတိုးဂိတ်ဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ကနဦးတိုက်ခိုက်ခံရပြီးနောက် နံနက် ၈နာရီတွင် ကျိုက်ထိုမြို့မှ ဘီးလင်းမြို့ဘက်သို့ မောင်းလာသည့် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရသည်ဟုဆိုသည်။

“စကစ ယာဥ်တန်းက လေးစီးပါတာ။မိုင်းဆွဲခံရပြီး နှစ်စီးက ပက်လက်တောင်လန်သွားတယ်လို့ သိရတယ်။နောက်ပြီး သံတံတားဂိတ်က စကစ စခန်းလည်း ဗုံးသီး ချတိုက်ခံရတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထိုတိုက်ခိုက်မှုများအနက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မနေ့က ဘီးလင်းတံတား ကျိုးသွားတော့ ကျိုက်ထို ဘက်ကနေ စစ်သားတွေအင်အားဖြည့်နေတာရှိတယ်။ ကြားဖြတ်တိုက်တာတွေတော့ရှိတယ်။အသေးစိတ်တော့ သက်ဆိုင်ရာ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်”ဟု မွန်ပြည်နယ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကျိုက်ထို နှင့်ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီ၏ သံတံတားဂိတ်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က အသိပေးသည်။

KNLA၊ ကျိုက်ထို (ပကဖ)၊TPDF-KD နှင့် Yangon Eagle Force အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဗုံးသီး လေးလုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း KRF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်