Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုနှင့် ဘီးလင်းတို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ယာဥ်တန်း တိုက်ခိုက်ခံရ

KNLA၊ ကျိုက်ထို (ပကဖ)၊TPDF-KD နှင့် Yangon Eagle Force အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဗုံးသီး လေးလုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း KRF က ထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်။ဓာတ်ပုံ - CJ၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်။ဓာတ်ပုံ - CJ၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ယာဥ်တန်း တိုက်ခိုက်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန်လ ၃၀ရက်) နံနက် ၇နာရီခန့်ကစ၍ ဘီးလင်းတိုးဂိတ်ဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ကနဦးတိုက်ခိုက်ခံရပြီးနောက် နံနက် ၈နာရီတွင် ကျိုက်ထိုမြို့မှ ဘီးလင်းမြို့ဘက်သို့ မောင်းလာသည့် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရသည်ဟုဆိုသည်။

“စကစ ယာဥ်တန်းက လေးစီးပါတာ။မိုင်းဆွဲခံရပြီး နှစ်စီးက ပက်လက်တောင်လန်သွားတယ်လို့ သိရတယ်။နောက်ပြီး သံတံတားဂိတ်က စကစ စခန်းလည်း ဗုံးသီး ချတိုက်ခံရတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထိုတိုက်ခိုက်မှုများအနက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မနေ့က ဘီးလင်းတံတား ကျိုးသွားတော့ ကျိုက်ထို ဘက်ကနေ စစ်သားတွေအင်အားဖြည့်နေတာရှိတယ်။ ကြားဖြတ်တိုက်တာတွေတော့ရှိတယ်။အသေးစိတ်တော့ သက်ဆိုင်ရာ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်”ဟု မွန်ပြည်နယ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကျိုက်ထို နှင့်ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီ၏ သံတံတားဂိတ်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က အသိပေးသည်။

KNLA၊ ကျိုက်ထို (ပကဖ)၊TPDF-KD နှင့် Yangon Eagle Force အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ဗုံးသီး လေးလုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း KRF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။