Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမြို့နယ် မော်လမြိုင် – ရန်ကုန်လမ်းပိုင်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကားများပျက်စီး

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးယာဉ်တန်းသည် ဘီးလင်းမြို့နယ်အတွင်း၌ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ​မော်လမြိုင်ခရီးတွင် ပြခန်းလိုက်ကြည့်​နေစဥ် ၎င်း၏​နောက်နားတွင်စစ်​ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့​တွေ့ရစဥ်။ (ဓာတ်ပုံ - စစ်​ကောင်စီ)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ​မော်လမြိုင်ခရီးတွင် ပြခန်းလိုက်ကြည့်​နေစဥ် ၎င်း၏​နောက်နားတွင်စစ်​ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့​တွေ့ရစဥ်။ (ဓာတ်ပုံ - စစ်​ကောင်စီ)

မင်းအောင်လှိုင် မော်လမြိုင်နှင့် ဘားအံသို့လာစဥ်လုံခြုံရေးယူပေးသည့် တပ်ဖွဲ့ဖြစ်ပြီး အရာရှိအပါအဝင် ၉ဦးသေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ်တန်းမှ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု တပ်မဟာ(၁)နယ်မြေရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၁၇ရက်ညပိုင်း၌ ဘီးလင်းမြို့နယ် တစ်နေရာ အမှတ်(၂) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနယ်မြေတွင် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းအရ စစ်ကောင်စီတပ်မှ ယာဉ်များပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။

“လေးစီးပါ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်တယ်။ အလယ် နှစ်စီး ထိတယ်ပေါ့နော်။အဲဒီမှာ ပါဝင်တဲ့ အဖွဲ့တစ်ခုဆီက သိရတာ”ဟု တပ်မဟာ(၁)နယ်မြေမှ သတင်းရင်းမြစ်က ပြောသည်။

ကရင်ဒေသ စစ်ရေးသတင်းများ ဖော်ပြနေသည့် Salween Press က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် မော်လမြိုင်၌ လုံခြုံရေးသွားယူပေးခဲ့သည့် လုံခြုံရေးယာဉ်တန်းကို အောက်တိုဘာ ၁၇ ရက် ညက မော်လမြိုင်မှ ရန်ကုန်မြို့အပြန် အဝေးပြေးကားလမ်းပေါ်၌ တိုက်ခိုက်ခံရပြီး ၉ဦးသေဆုံးကာ ၂၀ကျော်ဒဏ်ရာရခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) တပ်မှူးတစ်ဦးကို ကိုးကားပြီး ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မနေ့ ည ၉ နာရီ ၄၀ လောက်မှာ သထုံဘက်ပြန်လာတဲ့ စစ်တပ်နဲ့ရဲကား ၇စီးပါယာဉ်တန်းကို ရွှေအင်ဒုန်ကုန်းဆင်းမှာ ၁ ကြိမ်နဲ့ ဒေါင်းရပ်လမ်းခွဲမှာ တစ်ကြိမ်မိုင်းဆွဲပစ်ခတ်တယ်။ အရှေ့ကား ၃ စီးတော့ပေးလွန်လိုက်တယ်။ နောက်ကား ၄ စီးထဲက ပထမမြောက်အစီးမှာမိုင်းဆွဲလို့ နောက်ကားကအရှိန်နဲ့ဝင်တိုက်တယ်။ ကျန်တစ်စီးက RPG နဲ့ပစ်တယ်။ နောက်ကား ၄ စီးစလုံးပျက်တယ်။ အဲ့ချိန်မှာ ကိုယ့်လူတွေလက်နက်ငယ်နဲ့ပါပစ်ခတ်ခဲ့တယ်” လို့ KNLA တပ်မဟာ (၁)မှ တပ်မှူးတစ်ဦးက Salween Press ကို အောက်တိုဘာ ၁၈ရက်တွင် ပြောကြားထားသည်ဟု ဆိုသည်။

သေဆုံးသူများ၌ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး၊ IO ထောက်လှမ်းရေး တစ်ဦးနှင့်တပ်ကြပ်ကြီးစာရင်း တစ်ဦး၊ ဘီးလင်းက ဒုရဲမှူး အောင်မြစိုးနှင့် ရဲတပ်သားတစ်ဦးပါဝင်ကြောင်း အဆိုပါ တပ်မှူးက ပြောကြားသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးယာဉ်တန်းသည် ဘီးလင်းမြို့နယ်အတွင်း၌ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

ယာဉ်တန်းမိုင်းစွဲတိုက်ခိုက်မှုကို အတည်ပြုနိုင်သော်လည်း ယာဉ်ပေါ်၌ မည်သူပါဝင်ပြီး ထိခိုက်သေဆုံးမည်မျှရှိသည်ကို စုံစမ်းဆဲဖြစ်သည်ဟု KNUသထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယာဉ်တန်းက ဘယ်လိုတာဝန်မျိုးထမ်းဆောင်တဲ့ ယာဉ်တန်းလဲဆိုတာ အတည်ပြုလို့မရဘူးပေါ့”ဟု ၎င်းက ဆိုသည်။

မင်းအောင်လှိုင် မော်လမြိုင်နှင့် ဘားအံသို့ လာရောက်စဉ် လုံခြုံရေးယူခဲ့သည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁) မိတ်ဖက်ကော်မတီတာဝန်ရှိသူက လတ်တလော အတည်မပြုနိုင်သေးဘဲ စိစစ်နေဆဲဖြစ်သည်ဟုပြောသည်။

“အဲဒီလို ကော်မတီကနေ စိစစ်ပြီးတော့မှ ဟုတ်တယ်မှန်တယ်ဆိုရင် သိက္ခာပိုင်းအရ ကျွန်တော်တို့ ဆီက တရားဝင် အတည်ပြုပေးတယ်။ အဲဒီလုပ်ငန်းစဉ် လောလောဆယ် မပြီးသေးဘူး”ဟု ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် စစ်ရေးသတင်းဖော်ပြချက်၌ အောက်တိုဘာ ၁၇ရက် ည ၁၀နာရီခန့်က ဘီးလင်းမြို့နယ် ဒေါင့်ရပ်ကျေးရွာအနီးရှိ ဘီးလင်းတိုးဂိတ် အဟောင်းအနီးတွင် စစ်ကောင်စီကား ၅စီးပါ ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း စစ်ကောင်စီတပ်မှ သေဆုံးသူများထဲ၌ ဒုရဲမှူး အောင်မြင့်စိုး ပါဝင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။