Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်သမီး ၏ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက အမည်ပြောင်းပြီးရုံတင်ရန်စီစဥ်​နေ

7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲများဖြစ်သည့် ရင်ထဲကဒဏ္ဍာရီ ၊ အိပ်မက်ထဲကအိပ်မက် ၊ Only You တို့ကို Channel K ၊မဟာ စသည့်ရုပ်သံလိုင်းများ၌ ရုပ်သံလိုင်းများကရိုက်ကူးထားသည့် ပုံစံဖြင့်ပြသခဲ့ကြောင်း Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

(ရုပ်ရှင် ကန်​တော့ပွဲ ​ပေးစဥ် 7Sense.ရုပ်ရှင်ထုတ်လုပ်​ရေး ဟု အမည်တပ်ခဲ့ပြီး ရုံတင်ခါနီးတွင် ဆုံမှတ်ဟု အမည်​ပြောင်း ရုံတင်ရန် စီစဥ်​နေ​သော "စတ္ထု​မြောက်​သွေး​ကြောမြှင့်" ဇာတ်ကား ပိုစတာ။ဓါတ်ပုံ-CJ)
(ရုပ်ရှင် ကန်​တော့ပွဲ ​ပေးစဥ် 7Sense.ရုပ်ရှင်ထုတ်လုပ်​ရေး ဟု အမည်တပ်ခဲ့ပြီး ရုံတင်ခါနီးတွင် ဆုံမှတ်ဟု အမည်​ပြောင်း ရုံတင်ရန် စီစဥ်​နေ​သော "စတ္ထု​မြောက်​သွေး​ကြောမြှင့်" ဇာတ်ကား ပိုစတာ။ဓါတ်ပုံ-CJ)

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိူင်၏ သမီး ခင်သီရီသက်မွန်တည် ​ထောင်ထား​သော 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးထားသည့် စတုတ္ထမြောက်သွေးကြောမျှင်ရုပ်ရှင်ကို ထုတ်လုပ်ရေးနာမည်ပြောင်း၍ ဇူလိုင် ၁၄ တွင် ရုံတင်ပြသရန် စီစဉ်နေသည်။

7 Sense ဟူသော အမည်မှာ စစ်​ခေါင်း​ဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်​ရေးဖြစ်​ကြောင်း ပြည်သူအများစုကသိ​နေသဖြင့် “ဆုံမှတ်”ဟု ပြောင်းလဲကာ ရုံတင်ပြသရန် စီစဉ်နေခြင်းဖြစ်သည်။ သို့​သော်ထုတ်လုပ်ရေး နာမည်ပြောင်းလဲထားသည်ကို သိရှိသူများက ယင်းဇာတ်ကားကို မကြည့်ရန် တိုက်တွန်းထားသည်။

“မအလသမီးထုတ်လုပ်ရေး 7 sense က ကားပါနော် ။ထုတ်လုပ်ရေးနာမည်ပြောင်းလိုက်လို့ ငါတို့က လာကြည့်မယ်မထင်နေနဲ့ ….ကျန်တဲ့ကားများစိတ်ပြေလက်ပျောက် သွားကြည့်နေတာ ဘာမှ မပြောလိုပေမယ့် ဒီလိုကားကတော့ လုံးဝကိုမကြည့် သင့်ပါ ” ဟု တော်လှန်အနုပညာသတင်းများတင်ပေးနေသည့် Myanmar Art Box ၏ဖေ့စ်ဘွတ်၌ ရေးသားထားသည်။

ယင်းရုပ်ရှင်ကို ၂၀၁၉ ဒီဇင်ဘာလအတွင်းက 7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုင်းနိုင်း ၊ ရွှေထူး ၊ သက်မွန်မြင့် နှင့် မေမြင့်မိုရ်တို့ပါဝင်ထားသည်။

Public Service Announcement

Public Service Announcement

“ရုပ်ရှင်ကတော့ ဒီကားပထမဆုံးလို့ပြောလို့ရတယ်ဗျ။ဇာတ်လမ်းတွဲတွေတော့ free to air တွေက ပြပေမယ့် သူတို့ production နာမည် မတပ်ပဲ channel ကရိုက်သလိုလိုနဲ့ဒီကာလမှာ ပြသွားတာတွေတော့ရှိတယ်” ဟု Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

7Sense ထုတ်လုပ်ရေးသည် မင်းအောင်လှိူင်သမီးနှင့် မိတ်​ဆွေအချို့ တည်​ထောင်ထား​သော ကုမ္ပဏီဖြစ်ပြီးအာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ပြည်သူအားလုံးက Boycott လုပ်ဆောင်ခဲ့သောကြောင့် မြင်ကွင်းမှပျောက်ကွယ်နေသည်မှာနှစ်နှစ်ကျော်ပြီဖြစ်သည်။

“စတုတ္ထမြောက်သွေးကြောမျှင် ဆိုတာမအလသမီထုတ်လုပ်ရေး ဖြစ်တဲ့ 7 Sense ကထုတ်တဲ့ကားပါ။ Boycott လေးမှ သေချာမလုပ်နိုင်ရင် ပြည်သူကိုသတ်ဖို့ စစ်တပ်ကို ကျည်ဆန်တွေသာ သွားဝယ်ပေးလိုက်ကြပါတော့။ ခင်ဗျားတို့ သွားပေးတဲ့ ပိုက်ဆံတွေက Blood Money တွေဖြစ်သွားမယ်ဆိုတာ သိကြပါ။ “အဝါရောင်ရေငုပ်သ‌င်္ဘော ပေ့ခ်ျကရေးသားထားသည်။

ဆုံမှတ်ထုတ်လုပ်ရေးသည် 7 Sense ၏ အစွယ်အပွားထုတ်လုပ်ရေးဖြစ်သလို အခြားထုတ်လုပ်ရေးများလည်းရှိသေးကြောင်း ယင်းပေ့ခ်ျ၌ အသိပေးထားသည်။

7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲများဖြစ်သည့် ရင်ထဲကဒဏ္ဍာရီ ၊ အိပ်မက်ထဲကအိပ်မက် ၊ Only You တို့ကို Channel K ၊မဟာ စသည့်ရုပ်သံလိုင်းများ၌ ရုပ်သံလိုင်းများကရိုက်ကူးထားသည့် ပုံစံဖြင့်ပြသခဲ့ကြောင်း Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

စတုတ္ထမြောက်သွေးကြောမျှင် ဇာတ်ကားအမည်ဖြင့် ရုပ်ရှင်ရိုက်ကူးစဉ်ကဖွင့်ထားသည့်ဖေ့စ်ဘွတ်ပေ့ခ်ျကို ဆက်လက်အသုံးပြုခြင်းမရှိဘဲ ပေ့ခ်ျအသစ်ဖွင့်ကာ ရုံတင်မည့် အကြောင်းအရာများကို တင်နေခြင်းဖြစ်ပြီး ဒါရိုက်တာသားညီ ၊ မေမြင့်မိုရ်တို့ အပါအဝင် 7 Sense နှင့် ရင်းနှီးမှုရှိခဲ့သည့် အနုပညာရှင်များက မျှဝေပေးထားသည်ကို‌တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အိပ်မက်ကာရန် ရုပ်ရှင်ကို 7Sense ထုတ်လုပ်ရေးက ၂၀၁၉တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နေတိုး ၊လွှမ်းပိုင် ၊ စိုင်းစည်တွမ်ခမ်း ၊ နီနီခင်ဇော် တို့အဓိကပါဝင်ကာ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးထားသည်။