Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်တွင်းဒေသရှိ စာသင်ကျောင်းမီးရှို့ရာတွင်ပါဝင်သူ ပျူတစ်ဦးကို ၂နှစ်အကြာတွင် ဖမ်းမိ

ပြစ်မှုကျူးလွန်သူများအား နောင်တချိန်တွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

(ပျူစောထီး အောင်ဒုန်းအား တွေ့ရစဥ်)
(ပျူစောထီး အောင်ဒုန်းအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသမှ စာသင်ကျောင်းအား မီးရှို့ရာတွင်ပါဝင်သော ပျုစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းမိပြီးနောက် ၎င်းကထုတ်ဖော်ဝန်ခံထားသည့် ရုပ်သံမှတ်တမ်းကို တောင်တွင်း-မင်းကင်း‌ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDFက ယနေ့ ထုတ်ပြန်သည်။

တောင်တွင်းဒေသမှ ကြာပင် အ.ထ.က စာသင်ကျောင်း ၂၀၂၁ ဇွန်လ ၆ ရက် မီးရှို့ခံခဲ့ရပြီး ပျက်စီးသွားခဲ့သည်။ ယင်းအချိန်က မီးရှို့ရာတွင် ပါဝင်ခဲ့သော ပျူစောထီးတစ်ဦးကို ပြီးခဲ့သည့်ဇွန်လ၂၈ရက်က စစ်ဆင်ရေးတစ်ခုတွင် ကလေးမြို့ UGနှင့်TDPDFက ဖမ်းမိခဲ့သည်။ အောင်ဒုန်းဟုအမည်ရသည့် အဆိုပါပျုစောထီးက ကြာပင် စာသင်ကျောင်းအား မီးရှို့ရာတွင် ပူးပေါင်းကြံစည်သူများ၊ ‌ငွေကြေးထောက်ပံ့သူများ၏ အမည်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးထားသည်ကို တွေ့ရသည်။

Public Service Announcement
Public Service Announcement

” ဒီကျောင်းကြီးက တောင်တွင်း‌ဒေသရဲ့ အဓိကကျောင်းကြီး။ မီးလောင်တော့ PDF လက်ချက်လို့ စစ်အုပ်စုက သတင်းလွှင့်ခဲ့သေးတယ်”ဟု တောင်တွင်းဒေသခံတစ်ဦးက ပြောသည်။

” ကြာပင်ကျောင်းကြီး မီးရှို့ခံလိုက်ရပြီလို့ ကြားသိလိုက်ရတဲ့နေ့ကဆို ကျနော်တို့တောင်တွင်းသူ၊သား အများစုဟာ များစွာစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ကျနော်တို့အများစုဟာ အဲ့ဒီကျောင်းကြီးရဲ့အရိပ်မှာ ပညာတွေသင်ကြားရင်း လူငယ်ကျောင်းသားဘဝတွေကိုဖြတ်သန်းခဲ့ကြရတာမို့ သံယောဇဥ်ကိုယ်စီရှိကြပါတယ်။ဒါကြောင့်လည်း ကျောင်းကြီးမီးရှို့မှုဖြစ်ပွားချိန်က မည်သူမည်ဝါ အတိကျမသိခဲ့ကြပေမယ့် အားလုံးရဲ့စိတ်ထဲမှာ နှမြောဒေါသထွက်ခဲ့ကြရပါတယ်”ဟု TDPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြစ်မှုကျူးလွန်သူများအား နောင်တချိန်တွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆောင်းပါး

ရာချီသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောဖြစ်စဥ် အများအပြား ရှိခဲ့ပါသည်။

သတင်း

အလားတူ မေလ ၂၄ ရက် နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

သတင်း

ဒေသခံအချို့သည် အဆိုပါကျေးရွာမှ ထွက်ပြေးလာပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ခိုလှုံလေ့ရှိကြသည်။