Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးဆောင်ရွက်နိုင်ရေးအတွက် KNLA/ PDF ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ(၁၈)ရက်နေ့မှစတင်၍ သွားလာနေကြသည့် မော်တော်ယာဉ်များ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသည့် ခရီးသွားမော်တော်ယာဉ်များအား ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များကိုယ်တိုင် တာဝန်ယူစစ်ဆေးဆောင်ရွက်နေသည့် ပုံများထွက်လာသည်။

တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များသည် ရှေ့တန်းစစ်မျက်နှာပြင်အထိ လိုက်ပါတာဝန်ထမ်းဆောင်နေကြပြီး တိုက်ပွဲအတွေ့အကြုံများလည်း အတော်အသင့်ရရှိနေကြပြီဖြစ်သည်ဟု ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းက ယနေ့ ဇူလိုင်(၄)ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

လမ်းပိုင်းတွင် သွားလာနေကြသည့် ခရီးသွားမော်တော်ယာဉ်များအား အမျိုးသမီးရဲဘော်များမှ စစ်ဆေးဆောင်ရွက်နေသည့် ပုံများကို တောင်ညိုစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“အမျိုးသမီးတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ချင်စိတ်ကလည်း အင်မတန်လေးစားဖို့ ကောင်းလှပါတယ်။ ရှေ့တန်းဘယ်သူလိုက်မလဲ ဆိုတာနဲ့ ကျွန်တော်တို့လိုက်မယ်ဆိုတဲ့ စကားသံများထဲမှ ” ကျွန်မတို့ လိုက်မယ်”ဆိုတဲ့ အမျိုးသမီးများရဲ့ စကားသံများဟာလည်း တော်လှန်ရေးအတွက် ထိုအမျိုးသမီးများအပေါ် ဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါတယ်” ဟု တောင်ညိုစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

“ဘေးအန္တရာယ် ကင်းဝေးကြပြီး အမေ့အိမ်ကို အမြန်ပြန်နိုင်ကြပါစေ ကလေးတို့” ဟု ပြည်သူတစ်ဦးကလည်း မှတ်ချက်ပေးထားသည်။

ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)၊ တပ်မဟာ(၆)နယ်မြေတွင် အခြေပြုလှုပ်ရှားနေသည့် KNLA/ DPF ပူးပေါင်းစစ်ကြောင်းတစ်ကြောင်းလည်း ဖြစ်သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးဆောင်ရွက်နိုင်ရေးအတွက် KNLA/ PDF ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ(၁၈)ရက်နေ့မှစတင်၍ သွားလာနေကြသည့် မော်တော်ယာဉ်များ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

ဆောင်းပါး

မြို့တွင်း၌ နှစ်ဖက် ရင်ဆိုင်နေရာယူထားသော စစ်မျက်နှာပြင်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် PDF ရဲဘော်များက ဝင်ရောက်နေရာယူထားကြသည်။ စနိုက်ပါများဖြင့် နှစ်ဖက်အပြန်အလှန် ထောက်ထားကြ၍ နှစ်ဖက်လှုပ်ရှား သွားလာမှုမရှိကြ။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။