Connect with us

Hi, what are you looking for?

သတင်း

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးဆောင်ရွက်နိုင်ရေးအတွက် KNLA/ PDF ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ(၁၈)ရက်နေ့မှစတင်၍ သွားလာနေကြသည့် မော်တော်ယာဉ်များ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသည့် ခရီးသွားမော်တော်ယာဉ်များအား ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များကိုယ်တိုင် တာဝန်ယူစစ်ဆေးဆောင်ရွက်နေသည့် ပုံများထွက်လာသည်။

တောင်ညိုစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များသည် ရှေ့တန်းစစ်မျက်နှာပြင်အထိ လိုက်ပါတာဝန်ထမ်းဆောင်နေကြပြီး တိုက်ပွဲအတွေ့အကြုံများလည်း အတော်အသင့်ရရှိနေကြပြီဖြစ်သည်ဟု ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းက ယနေ့ ဇူလိုင်(၄)ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

လမ်းပိုင်းတွင် သွားလာနေကြသည့် ခရီးသွားမော်တော်ယာဉ်များအား အမျိုးသမီးရဲဘော်များမှ စစ်ဆေးဆောင်ရွက်နေသည့် ပုံများကို တောင်ညိုစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“အမျိုးသမီးတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ချင်စိတ်ကလည်း အင်မတန်လေးစားဖို့ ကောင်းလှပါတယ်။ ရှေ့တန်းဘယ်သူလိုက်မလဲ ဆိုတာနဲ့ ကျွန်တော်တို့လိုက်မယ်ဆိုတဲ့ စကားသံများထဲမှ ” ကျွန်မတို့ လိုက်မယ်”ဆိုတဲ့ အမျိုးသမီးများရဲ့ စကားသံများဟာလည်း တော်လှန်ရေးအတွက် ထိုအမျိုးသမီးများအပေါ် ဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါတယ်” ဟု တောင်ညိုစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

“ဘေးအန္တရာယ် ကင်းဝေးကြပြီး အမေ့အိမ်ကို အမြန်ပြန်နိုင်ကြပါစေ ကလေးတို့” ဟု ပြည်သူတစ်ဦးကလည်း မှတ်ချက်ပေးထားသည်။

ကစယ့်သူးတပ်ရင်း တောင်ညိုစစ်ကြောင်းသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)၊ တပ်မဟာ(၆)နယ်မြေတွင် အခြေပြုလှုပ်ရှားနေသည့် KNLA/ DPF ပူးပေါင်းစစ်ကြောင်းတစ်ကြောင်းလည်း ဖြစ်သည်။

စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ
စစ်မြေပြင်အတွက် အဆင်သင့်ဖြစ်နေသည့် တောင်ညိုစစ်ကြောင်း အမျိုးသမီးရဲဘော်များ

မွန်ပြည်နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးဆောင်ရွက်နိုင်ရေးအတွက် KNLA/ PDF ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ(၁၈)ရက်နေ့မှစတင်၍ သွားလာနေကြသည့် မော်တော်ယာဉ်များ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

နိုင်ငံတကာ

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။