Connect with us

Hi, what are you looking for?

သတင်း

KIO ဌာနချုပ်အနီး နန်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေ

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နန်ဆန်ယာန်ရွာတွင် ဇူလိုင် ၃ရက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာဒေသခံ ပြည်သူများစစ်ဘေးရှောင်နေကြရပြီးစစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်ခဲ့ကြောင်း နန်ဆန်ယာန်ဒေသခံတစ်ဦးက ပြောသည်။

(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​တိမ်း​ရှောင်​နေရသည်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(နေရပ်ပြန်​နေထိုင်သည်မှာ မကြာ​သေး​သော နန်ဆန်ယာန်​ကျေးရွာနှင့်အနီးတစ်ဝိုက်မှ ​ဒေသခံများမှာ ထပ်မံ​ထွက်ပြေး​တိမ်း​ရှောင်​နေရသည်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြု ထိုးစစ်ဆင်နေကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နန်ဆန်ယာန်ရွာတွင် ဇူလိုင် ၃ရက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာဒေသခံ ပြည်သူများစစ်ဘေးရှောင်နေကြရပြီးစစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်ခဲ့ကြောင်း နန်ဆန်ယာန်ဒေသခံတစ်ဦးက ပြောသည်။

“စစ်ရှောင်မှာပြန်ရောက်နေပြီတချို့ကတော့ ဒီဘက်(KIAထိန်းချုပ်နယ်မြေ)ရယ်၊ဟိုဘက်(စစ်ကောင်စီထိန်းချုပ်နယ်မြေ)ရယ်။ ဝိုင်းမော် မိုင်းနား RC camp၊ မိုင်နားAG Camp ရောက်နေကြပြီ။လေးယောက်ထိတယ်။ သိတဲ့အတိုင်းပဲ စစ်ကောင်စီက ရမ်းသန်းပစ်တာ။ ဒီနေ့ သူတို့ ရမ်းပစ်တာတော့ ရွာသားတွေက ပြေးပြီပေါ့ဗျ။ ဒီဘက်ကလူပဲရှိတယ်ဆိုပြီးရွာထဲမှာပစ်တာလက်နက်ကြီးနဲ့ထုတာ။ အမှန်ဆိုရင်တော့ ရွာသားတွေပဲထိတာပါ” ဟု နန်ဆန်ယာန်ဒေသခံက ဇွန်လ ၄ရက် ညပိုင်း၌ ပြောသည်။

နန်ဆန်ယာန်ဘက်သို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုး စစ်ရေးလှုပ်ရှားနေခြင်းသည် ဗန်းမော် – မြစ်ကြီးနားလမ်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းမှုဟု ကြားသိရကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်ရှိမှာကျတော့ နန်ဆန်ယာန်တစ်ဝိုက်မှာ KIA ထိန်းချုပ်ထားတာ။ အဲဒါဆိုတော့ အရင်တုန်းက ပုံစံမျိုး နန်ဆန်ယာန်တဝိုက်အထိ တပ်က ပြန်ပြီးမှ ထိန်းချုပ်မယ့်သဘောပေါ့။ အရင်တုန်းက တပ်က ရှေ့တန်း ပို့စ်တွေ အများကြီးဖြန့်ထားတယ်။ ဒါပေမဲ့ အရေးအခင်းနောက်ပိုင်းမှာဆိုရင် တချို့က ဆုကြေးတွေ ထုတ်ကြတယ် သေနတ်နဲ့ဝင်လာလို့ရှိရင် သန်း ၅၀ ပေးမယ် ဘာညာဆိုတော့ အဲဒီမှာ သေနတ်နဲ့အတူလူအပါဟိုဘက်ထဲရောက်သွားမှာစိုးလို့တပ်က အကုန်လုံး ပြန်စုလိုက်တာပေါ့။ အဲဒါဆို ရှေ့တန်းစခန်းတွေ တော်တော်များများမရှိဘူးဖြစ်သွားတာပေါ့။ အဲဒီနောက်ပိုင်းမှာ KIAက နန်ဆန်ယာန်ကို ပြန်ပြီးမှ ထိန်းချုပ်လိုက်တာ။ အခု အဲဒါကို တပ်က ပြန်ယူမယ်ဆိုတဲ့ ပုံစံမျိုး အဲဒါမျိုးကြားရတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်ဆဒုံး- ကန်ပိုက်တီးလမ်းတွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့ဇွန်လ ၂၆ရက်ကတည်းက တိုက်ပွဲများ စတင်ခဲ့ပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ဆဒုံးကျတော့ ကန်ပိုက်တီလမ်းဘက်က။ နန်ဆန်ယာန်ကြတော့ဗန်းမော်လမ်းဘက်ဆိုတော့ လမ်းကြောင်းက ဘာမှ မဆိုင်ဘူး။ ဧရာ၀တီမြစ်ရဲ့ အရှေ့ဘက်ကမ်းတော့ တူတာပေါ့။ တစ်ခုရှိတာက ဆဒုံးဆိုတာက KIA ရဲ့ ရင်း(၃)ရှိတာကိုး။ ရင်း(၃) ဆိုတာ အရင်တုန်းက ဂိဒွန်တိုက်ပွဲ တအားနာမည်ကြီးတယ် အဲဒီတစ်ဝိုက်လေ။ အဲဒီ ရင်း(၃)ကလည်း မထင်ရင် မထင်သလို ဒီဘက် ဗန်းမော်မြစ်ကြီးနားဘက်ကိုလာလို့ရတာကိုး။အဲဒါကို ထိန်းချုပ်ချင်လို့လားပေါ့” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဆဒုံးဒေသတိုက်ပွဲတွင် ကချင်လွတ်လပ်ရေတပ်မတော်(KIA)ရှေ့တန်းစခန်းတစ်ခုကိုစွန့်လွှတ်ခဲ့ရသည်ဟုဆိုသည်။

သို့ရာတွင် လက်ရှိနန်ဆန်ယာဒေသ မြေပြင် စစ်အင်အား အခြေအနေမှာ KIA ဘက်က လူအင်အားသာလွန်သည်ဟု ကချင်သတင်းရင်းမြစ် က ပြောသည်။

“မြေပြင်မှာ အင်အားချင်းက လက်ရှိမှာ KIAဘက်က သာမယ်ထင်တယ်။ ဒါပေမဲ့ စစ်လက်နက်အင်အားချင်းကြတော့ တပ်ဘက်က သာတာပေါ့။ မနေ့တုန်းကတော့ KIA ဘက်က လက်နက်ကြီးတွေနဲ့ တအားဆော်နေတယ်ဆိုတဲ့ အသံတော့ကြားရတယ်။ကျနော်ထင်တယ်သူတို့ရဲ့ စစ်ဆင်ရေးဦးတည်ချက်က ဘာလဲ၊ ဗန်းမော်-မြစ်ကြီးနားကားလမ်းကိုထိန်းချုပ်ဖို့ပဲလား။ ဒါမှမဟုတ် စစ်ဆင်ရေး အခြားရည်ရွယ်ချက်ရှိလား ပြန်စောင့်ကြည့်ရမှာပေါ့” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆဒုံးနှင့် နန်ဆန်ယာန် တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။