Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင် စစ်ရှောင်ပြည်သူတစ်ဦး မြွေဆိုးကိုက်ခံရ

ကန့်ဘလူခရိုင်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လပထမအပတ်အထိ မြွေဆိုးကိုက်ခံရသူ ၈၀ နီးပါးရှိပြီး အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

(၂၀၂၃ ဇွန်လ ၁၈ ရက်နေ့က မြွေဆိုးကိုက်ခံရသည့် အမျိုးသမီးလူနာတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(၂၀၂၃ ဇွန်လ ၁၈ ရက်နေ့က မြွေဆိုးကိုက်ခံရသည့် အမျိုးသမီးလူနာတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်ပြည်သူတစ်ဦး မြွေဆိုးကိုက်ခံရပြီး မြွေဆိပ်ဖြေဆေးမလုံလောက်၍ အခြားတနေရာသို့လွှဲဲပြောင်းပေးခဲ့ရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၉ ရက်နေ့)က ထန်းကုန်းတိုက်နယ်တွင် အသက် ၂၅နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦး စစ်ရှောင်တဲအတွင်းအိပ်နေစဉ် မြွေကိုက်ခံခဲ့ရကြောင်း၊မြွေဆိပ်ဖြေဆေးမလုံလောက်၍ အဆိုပါအမျိုးသမီးအား မြွေဆိပ်ဖြေဆေးရှိမည့် အခြားတနေရာသို့ လွှဲပေးလိုက်ရကြောင်း ဒေသတွင်းစစ်ရှောင် ကူညီနေသူများက ပြောသည်။

“ခုစိတ်ချရတဲ့အနေအထားတော့ ရောက်ပြီလို့ပြောတယ်။ စိတ်ချရတယ်ဆိုတာလည်း ငါးရက်တစ်ပတ်လောက်နေမှ ဟိုဘက်ပါတယ်ဒီဘက်ပါတယ် ပြောလို့ရမယ့်အနေအထားပါ။ လောလောဆယ်တော့ ဆေးကုသပေးထားတယ်။ ဆေးဝါးကတော့ ချွေကုနေရတဲ့အနေအထားပဲ။”ဟု ထန်းကုန်းတိုက်နယ်စစ်ရှောင်များအား ကူညီနေသူ ကိုစိုးက ပြောသည်။

(၂၀၂၃ ဇွန်လ ၁၈ ရက်နေ့က မြွေဆိုးကိုက်ခံရသည့် အမျိုးသမီးလူနာတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(၂၀၂၃ ဇွန်လ ၁၈ ရက်နေ့က မြွေဆိုးကိုက်ခံရသည့် အမျိုးသမီးလူနာတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်​နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်အတွင်း အသက် ၂၃နှစ်အရွယ် အမျိုးသားတစ်ဦး၊ ထန်းကုန်းတိုက်နယ်မှ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ မြွေဆိုးကိုက်ခံခဲ့ရ၍ ဆေးကုသမှုခံယူနေရ​သေးသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ချပ်သင်း၊ပင့်သာနှင့်ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံရမှုအများဆုံးဒေသများဖြစ်ကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထန်းကုန်းတိုက်နယ်အတွင်း မြွေဆိပ်ဖြေဆေးအပြင်၊အခြေခံဆေးဝါးများနှင့် အမြဲစွဲသောက်ရသည့်ဆေးဝါးများလည်း လိုအပ်နေကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူခရိုင်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လပထမအပတ်အထိ မြွေဆိုးကိုက်ခံရသူ ၈၀ နီးပါးရှိပြီး အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

သတင်း

လားရှိုး ၊ သိန္နီ၊ကွတ်ခိုင် ၊နမ့်ခမ်း ၊ကျောက်မဲ ၊နောင်ချို စတဲ့ မြို့တွေက ဒေသခံ ပြည်သူ တွေ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။