Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာ စစ်ရှောင်ပြည်သူ ရှစ်ထောင်ကျော် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ဇန်နဝါရီ-၃၁၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်နဲ့ ကမ်းဖြူစတဲ့ကျေးရွာ ၁၄ ရွာက အိမ်ထောင်စု ၁၇၇၇ စု၊ လူဦး​ရေ ၈၅၆၆ ဦးဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေးမပြေလည်မှုတွေအပြင် နေထိုင်စရာ အခက်အခဲများစွာရှိနေတယ်လို့ အထက်ပါကော်မတီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ တဲဆောက်ဖို့ မိုးကာတွေလိုအပ်ပြီး စားဝတ်နေရေးအတွက်တော့ ဆန်၊ဆီပေါ့”လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊အမိုးအကာတွေ သွားရောက်လှူဒါန်းနိုင်ဖို့ ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းနဲ့ နယ်မြေချင်းကပ်နေတဲ့ ရွှေဘိုမြို့နယ်၊ ငါးပိအိုးရွာကို စစ်တပ်က တစ်ရက်တည်း လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။