Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ ပေါ်တာဆွဲခံရတဲ့လူငယ် ထွက်ပြေးလွတ်မြောက်

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ထွက်ပြေးလွတ်မြောက်လာသည့်လူငယ်အား ကယ်ထုတ်ခဲ့သည့် လျှပ်စီးတပ်ခွဲ၏ တာဝန်ရှိသူများနှင့် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

​မတ်-၁၁ ရက်၊၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ လူငယ်ဟာ ၂၀၂၅ နိုဝင်ဘာအတွင်းက ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ မတရားဖမ်းဆီး ပေါ်တာဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းကို စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့ရှိ စစ်သင်တန်းကျောင်းမှာ (၁၂) ပတ်ကြာ စစ်သင်တန်း တက်ရောက်စေခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)က ထုတ်ပြန်ပါတယ်။

​သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က ခမရ (၁၁၉) တပ်ရင်းပို့ဆောင်ဖို့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃)မှာ ယာယီနားခိုနေစဉ်အတွင်း လျှပ်စီးတပ်ခွဲနဲ့ ချိတ်ဆက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလင်းဝင်လာတဲ့ရဲဘော်ကတော့ ၅ ရက်နေ့ကလွတ်မြောက်လာတာ။ အဆင့်ဆင့်ချိတ်ဆက်ပြီး ခေါ်ဆောင်လာတာပါ။ မိသားစုစားဝတ်နေရေးအဆင်မပြေလို့ဆိုပြီး အပြင်ထွက်အလု​ပ်လုပ်ရာကနေ ပေါ်တာအဆွဲခံရတာ။”လို့ အထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

လက်ရှိမှာ အဲဒီလူငယ်ဟာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်သင်တန်းဆင်းပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ဖြစ်စဉ်များလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၄ ဧပြီကစတင်ပြီး စစ်မှုထမ်းခေါ်ယူခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စစ်မှုထမ်းအပတ်စဉ် (၂၂) ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကြိမ်ကို လူဦးရေ ငါးထောင်နှုန်းနဲ့ စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook