Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရ

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်နေရတဲ့ ကလေးနဲ့ ပြည်သူတွေ။ ဓာတ်ပုံ − JFK

စက်တင်ဘာ -၂၇ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်နေရတဲ့ ပြည်သူတွေကိုယ်တိုင် အကူအညီပေးနေတဲ့အဖွဲ့တွေဆီကို တိုက်ရိုက်အကူအညီတောင်းခံလာတာတွေပါရှိနေတယ်လို့ ဆိုပါတယ်။

“အခု ဒီးမော့ဆိုတစ်ဝိုက်စစ်ရှောင်တွေက စားနပ်ရိက္ခာ အခက်အခဲရောက်တဲ့ ပုံစံက အရင်နှစ်တွေထက်ပို ဒုက္ခရောက်နေတယ်။စစ်ရှောင်ပြည်သူလူထုက ပိုတိုးလာတယ်။ဖယ်ခုံအရှေ့ခြမ်း ရော အနောက်ခြမ်းက ပြည်သူတွေပါ တိုးလာတယ်။ ဒါပေမယ့် စစ်ရှောင်ကို ကူညီနိုင်တဲ့ ကူညီနေတဲ့ အဖွဲ့တွေက အရင်လို အားမကောင်းတော့ဘူး။လျော့သွားတယ်”လို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့ Jobs For Kay​ahအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရေကြီးတာနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုး လာတာတွေကြောင့် စစ်ရှောင်တွေ စိုက်ခဲ့တဲ့ သီးနှံတွေ မရိတ်သိမ်းနိုင်တာ၊ပျက်စီးသွားတာကလည်း စားနပ်ရိက္ခာပြတ်လပ်မှု ပိုဖြစ်လာစေတယ်လို့ သူက အသိပေးပါတယ်။

“အရင်က ဒီးမော့ဆိုကနေ မော်ချီးဘက်ကိုဘတစ်နိုင်တစပိုင် စျေးသွားရောင်းလို့ရတယ်။အခုက စစ်ဖြစ်နေတော့ သွားမရတော့ဘူး။နောက်ပြီး တခြားကုန်စည်ပို့လို့ရမယ့်လမ်းတွေပါ ပိတ်နေတော့ တော်တော်အခက်အခဲ ဖြစ်ရတယ်”လို့ ဒီးမော့ဆိုမြို့နယ်ကစစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းအချို့မှာလက်ရှိအခြေအနေအရ အခက်အခဲတွေအရ ဆန်နဲ့ ဆီ လုံးဝမရှိတော့တာမျိုးတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ခုနစ်ရက် တစ်ပတ်လောက်ရှိပြီ။တချို့စစ်ရှောင်စခန်းတွေမှာ ဆန်ဆီပြတ်တာ။အဲဒီတော့ စစ်ရှောင်စခန်းကသူတွေကိုယ်တိုင်လာ အကူအညီတောင်း ကြတယ်။ကျွန်တော်တို့ကလည်း အလှူရှင်ရှာနေရတယ်”လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကိုဆက်နောင်က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ စိုက်ပျိုးရေး၊မွေးမြူရေး စနစ်တကျလုပ်နိုင်ဖို့ ပြည်နယ်တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက ရေရှည်အတွက် စဥ်စားဆောင်ရွက်ပေးဖို့လည်း သူက တိုက်တွန်းပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN) စာရင်းတွေအရ ကရင်နီပြည်နယ်မြို့နယ် ရှစ်ခုမှာ စစ်ရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဒီးမော့ဆိုမြို့ကို သြဂုတ်လက ထိန်းချုပ်ပြီးတဲ့နောက် ဒီးမော့ဆို- မိုးဗြဲလမ်းပိုင်း နဲ့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းတွေကို ဆက်လက်စစ်ကြောင်းထိုးနေပါတယ်။

“ဒေါငံခါး ဘက်မှာတော့ နေ့တိုင်းလို ထိတွေ့မှုက ရှိနေတယ်။မြို့အနီးတစ်ဝိုက်လည်း ပြောက်ကျား တိုက်ခိုက်မှုရှိတယ်”လို့ ကရင်နီစစ်ရေးသတင်းရင်း မြစ်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပြည်နယ်၊လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က စက်တင်ဘာ ၂၃ ရက်ကစပြီး ရက်အကန့်အသတ်မရှိပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်တပ်က ရှေ့တိုးဖို့ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook