Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ
ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ်​ ​ညောင်ဇင်ကျေးရွာလမ်းတွင် ပျူစောထီးများထောင်ထားသည့်မိုင်း ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ရာ ပြည်သူငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညောင်ဇင်ရွာလမ်းဆုံတွင် ယ​နေ့ နံနက် ၅နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ ဈေးလိုက်ရောင်းတဲ့သူတွေရော ဒေသခံတွေပါ မိုင်းထိတာပါ။ အဲ့ဒီနေရာက ပျုစောထီးတွေရှိတဲ့နေရာပါ။ ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့သိပါတယ်” ဟု ညောင်ဇင်ရွာအနီးမှ ထန်းကုန်းရွာ ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းထိမှန်ထားသူများသည် ညောင်ဇင်ရွာသို့ ​ကာဘိုးရွာဘက်မှ ဆိုင်ကယ်ဖြင့် ဈေးလာ​ရောင်းသည့် ​ဈေးသည်လင်မယားနှင့်ရွာထဲမှ အရပ်သားပြည်သူ သုံး ဦးတို့ဖြစ်ပြီး ငါး ဦးစလုံးသည် ​ကျေးရွာ အဝင်အထွက်လမ်းများ၌ မိုင်းထိမှန်ခဲ့သည်ဟု Infinity Group က ဆိုသည်။

“ ပြည်သူတွေ မိုင်းထိတာ ဟုတ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရန်ကိုကြောက်ပြီးတော့ ပျူခွေးတွေထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့တွေက စကစလမ်းကြောင်းမှာ ထောင်ခဲ့ပြီး အကယ်၍ မစ်ရှင်မဖြစ်ခဲ့ရင် ပြန်ဖြုတ်သိမ်းပါတယ်” ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ မြေမွန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာအပြင်းအထန်ရသွားသည် စစ်ကြောင်းမှူးကို ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ရွာကို အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀ဦး ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းပြည်သူလူထုအပေါ် အကြမ်းဖက်မှုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာစက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီး မှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီး ထိုင်း​ရောက်မြန်မာ​တွေကို မကြံစည်သင့် ၊မလုပ်သင့်တဲ့လုပ်ရပ်​တွေနဲ့ ဒုက္ခ​ပေးဖို့ကြံစည်​နေကြပါပြီ ။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။