Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ
ကန့်ဘလူမြို့နယ်​​တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ်​ ​ညောင်ဇင်ကျေးရွာလမ်းတွင် ပျူစောထီးများထောင်ထားသည့်မိုင်း ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ရာ ပြည်သူငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညောင်ဇင်ရွာလမ်းဆုံတွင် ယ​နေ့ နံနက် ၅နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ဈေးလိုက်ရောင်းတဲ့သူတွေရော ဒေသခံတွေပါ မိုင်းထိတာပါ။ အဲ့ဒီနေရာက ပျုစောထီးတွေရှိတဲ့နေရာပါ။ ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့သိပါတယ်”ဟု ညောင်ဇင်ရွာအနီးမှ ထန်းကုန်းရွာ ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းထိမှန်ထားသူများသည် ညောင်ဇင်ရွာသို့ ​ကာဘိုးရွာဘက်မှ ဆိုင်ကယ်ဖြင့် ဈေးလာ​ရောင်းသည့် ​ဈေးသည်လင်မယားနှင့်ရွာထဲမှ အရပ်သားပြည်သူ သုံး ဦးတို့ဖြစ်ပြီး ငါး ဦးစလုံးသည် ​ကျေးရွာ အဝင်အထွက်လမ်းများ၌ မိုင်းထိမှန်ခဲ့သည်ဟု Infinity Group က ဆိုသည်။

“ပြည်သူတွေ မိုင်းထိတာ ဟုတ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရန်ကိုကြောက်ပြီးတော့ ပျူခွေးတွေထောင်ထားတဲ့မိုင်းပါ။ ကျွန်တော်တို့တွေက စကစလမ်းကြောင်းမှာ ထောင်ခဲ့ပြီး အကယ်၍ မစ်ရှင်မဖြစ်ခဲ့ရင် ပြန်ဖြုတ်သိမ်းပါတယ်”ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ မြေမွန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာအပြင်းအထန်ရသွားသည် စစ်ကြောင်းမှူးကို ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။