Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီး၏ အရှေ့တီမော တရားဝင်ခရီးစဥ်အောင်မြင်စွာ ပြီးမြောက်၊​ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆွေးနွေးနိုင်ခဲ့ဟုဆို

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဇူလိုင် ၁ ရက်မှ ၅ ရက် ခရီးစဥ်အတွင်း တီမောလက်တေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပြီး ယင်းနိုင်ငံ သမ္မတရာမို့စ်ဟော်တာနှင့် သမ္မတအိမ်တော်၌ တစ်နာရီကျော် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(အ​ရှေ့တီ​မောသမ္မတနှင့် NUG နိုင်ငံခြား​ရေးဝန်ကြီးတို့ကိုအတူ​တွေ့ရစဥ်။ဓါတ်ပုံ-NUG)
(အ​ရှေ့တီ​မောသမ္မတနှင့် NUG နိုင်ငံခြား​ရေးဝန်ကြီးတို့ကိုအတူ​တွေ့ရစဥ်။ဓါတ်ပုံ-NUG)

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး၏ တီမောလက်စတေး(အရှေ့တီမော)တရားဝင်ခရီးစဥ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင်၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးရေးအတွက် ဝန်ကြီးဌာန စတင်ဖွဲ့စည်းတာဝန်ယူစဥ် ကာလကတည်းက အစဥ်အမြဲ ဆောင်ရွက်လျက်ရှိပြီး ဆက်ဆံရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပထမဦးစားပေးအနေနှင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဇူလိုင် ၁ ရက်မှ ၅ ရက် ခရီးစဥ်အတွင်း တီမောလက်တေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပြီး ယင်းနိုင်ငံ သမ္မတရာမို့စ်ဟော်တာနှင့် သမ္မတအိမ်တော်၌ တစ်နာရီကျော် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် NUG နိုင်ငံခြားရေးဝန်ကြီးသည် တီမောလက်စတေး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပြီး ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုတိုးတက်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ဒေသတွင်း အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တီမောလက်စတေးသည် လူထုတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် နိုင်ငံတခုဖြစ်သကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များသည်လည်း လူထုတော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့် အားလျော်စွာ ဝန်ကြီးဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံရာတွင် မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို လွန်စွာမှ အားပေးထောက်ခံကာ ကိုယ်စားလှယ်အဖွဲ့ကိုလည်း လှိုက်လှိုက် လှဲလှဲ ရင်းရင်းနှီးနှီး ကြိုဆိုဆက်ဆံခဲ့ ကြပြီး ၎င်းတို့၏ အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြောင်း ဖော်ပြသည်။

“တီမောလက်စတေးနိုင်ငံက လူထုတော်လှန်ရေးကနေ အခုလို အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့တဲ့ လူထုအစိုးရဖြစ်တော့လေ ဒီဘက်က တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း တော်လှန်ရေးအစိုးရ အချင်းချင်း အသိအမှတ်ပြုတဲ့သဘောနဲ့ ဖိတ်ကြားတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ အဲဒါကြောင့် တီမောလက်စတေးနိုင်ငံက အခု အာဆီယံရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံမဟုတ်သေးပေမယ့်လည်း အခုလိုမျိုး NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး အစိုးရသစ် ကျမ်းကျိန်ပွဲမှာ ဖိတ်ကြားတာ နောက်ပြီး သမ္မတအိမ်တော်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံခွင့်ပြုတာ ဒါမျိုးတွေက အားရကျေနပ်စရာကောင်းတဲ့ ကိစ္စတွေဖြစ်ပါတယ်” ဟုNUGအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် NUG အစိုးရနှင့် တွေ့ဆုံ၊ ဆွေးနွေးမှုများ ရှိနေသည့်တိုင်အချို့မှာ တရားဝင်သတင်းထုတ်ပြန်သော်လည်း အချို့မှာ တရားဝင်မထုတ်ပြန်ဘဲလျှို့ဝှက်တွေ့ဆုံမှုများ ရှိကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

“ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီပေါ်ပေါက်ခဲ့တဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးတော့အစိုးရ တစ်ရပ်အနေနဲ့ ဆက်ဆံတာ နောက်ပြီးတော့ အချို့သော အစည်းအဝေးတွေ ဖိတ်ကြားတာ၊ တက်ရောက်ခွင့်ပြုတာတွေ အမြန်ဆုံးပြုလုပ်သင့်ပြီလို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တီမောလက်စတေးအစိုးရသစ်တက်ပွဲ အခမ်းအနားသို့ ၎င်းတို့အား မဖိတ်ကြားဘဲ NUG အစိုးရကိုယ်စားလှယ်များကို ဖိတ်ကြားတက်ရောက်စေသည့်လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ခဲ့ပြီး နောင်တွင် ယင်းသို့ မလုပ်ဆောင်ရန် ရန်ကုန်မြို့ရှိ တီမောလက်စတေးသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ ဖိတ်ခေါ် တိုက်တွန်းပြောကြားခဲ့သည်ဟု ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်အာဇာနည်သူရဲကောင်းတွေကို အလေးအမြတ် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်တွေ ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးပြန်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။