Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တိုင်းကို ရှုတ်ချကြောင်း အာဆီယံ ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ အာဆီယံစတိုင်လ် စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ- AFP)
(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ အာဆီယံစတိုင်လ် စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ- AFP)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း အာဆီယံက ထုတ်ပြန်ခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုကို ဆက်လက် ဆွဲကိုင်သွားမယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။

၂၀၂၁ နှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အဖွဲ့ဝင် နိုင်ငံ မြန်မာရဲ့ ပြည်တွင်းရေး ပြဿနာဟာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ စုထားတဲ့ အာဆီယံအတွက် အကြီးမားဆုံး ခေါင်းခဲစရာ ကိစ္စမျိုး ဖြစ်လာခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေ ဖျက်ဆီးခံရမှုမျိုး အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားခဲ့ပါတယ်။ အာဆီယံရဲ့ ကြေညာချက် ထုတ်ပြန်မှုဟာ အကြောင်းရင်း အတိအကျ မသိရတဲ့ ကိစ္စတစ်ခုကြောင့် နှောင့်နှေးနေခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စုဝေးခဲ့ကြတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌနဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆက်လက်ပြီး စုစုစည်းစည်း ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဆီယံဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခံနေရတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ခွာမှာ မဟုတ်ကြောင်းလည်း အတည်ပြုသွားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အလုံးစုံပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ဆိုတဲ့ အဓိက တောင်းဆိုချက်တွေ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုထားပါတယ်။ ဒီအတွက်ကြောင့်လည်း အာဆီယံက အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားပါတယ်။

အာဆီယံက မြန်မာ့ အကျပ်အတည်းနဲ့ ဆက်စပ်ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်မှုတွေ အားလုံးကို ရပ်တန်းက ရပ်ဖို့၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာစေမယ့် ကိစ္စတိုင်းကို ဆန့်ကျင်ဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ရေးနဲ့ အလုံးစုံ လွှမ်းခြုံ ပါဝင်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်နိုင်ရေးအတွ့် သင့်တော်မယ့် ပတ်ဝန်းကျင်မျိုး ကူညီဖန်တီးပေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ အားထုတ်မှုတွေကိုလည်း တစ်ဖွဲ့လုံးက လက်ခံ အသိအမှတ် ပြုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံမှာ ဘုံသဘောတူညီချက် ၅ ခု အကောင်အထည်ဖော်ခြင်းနဲ့ ပတ်သက်လို့ တိုးတက်မှု အခြေအနေတွေကိုလည်း စက်တင်ဘာလမှာ ကျင်းပမယ့် ၄၃ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ ပြန်လည် သုံးသပ်သွားမယ်လို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။