Connect with us

Hi, what are you looking for?

သတင်း

ရဟန်း၊ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့​သော​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမတွင် ဒဏ်ရာရ​သူများကို PDFများကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)
(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)

လူဆယ်ဦး‌သေဆုံးခဲ့သည့် ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၂မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ဇွန်လ ၂၇ရက်၊ ညနေ ၃နာရီခွဲခန့် တွင် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။ ငါးဦးသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ယင်းမာပင်ခရိုင်တပ်ရင်း ၁၂မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များကညောင်ကုန်းရွာသို့ဇူလိုင်လ ၁၆ရက်က သွားရောက်ကာကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)
(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)

“ကျွန်တော်တို့ ငွေကြေးတော့ မထောက်ပံ့နိုင်ဘူး။ကျန်းမာရေးစောင့်ရှောက်မှု လာပေးတာပါ။ အရေးပေါ်ကုသနေရသူ‌တွေ ရှိသေးပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်” ဟုယင်းမာပင်ခရိုင်တပ်ရင်း (၁၂ )တပ်ရေးဗိုလ်ကိုမောင်ကပြောသည်။

Public Service Announcement

Public Service Announcement

မိသားစုဝင် ၂ ဦး​သေဆုံးကာ ၊ ၃ ဦးဒဏ်ရာရခဲ့​သောမိသားစုမှ ကိုယ်တိုင်ဒဏ်ရာရခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း”ကျွန်မတို့ မိသားစုဆို ငါးယောက်ထိတာ။ အကိုနဲ့ တူမလေး သေဆုံးသွားတယ်။ သုံးယောက်က ဆေးကုနေရတယ်။ အစ်ကို‌တစ်ယောက်ဆိုရင် အခုထိ ဆေးရုံကမဆင်းရသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

” ဒဏ်ရာရသူတွေထဲမှာ အကောင်းပကတိအထိ ပြန်ကောင်းဖို့မလွယ်တော့ဘူး။ ‌ရှေ့ရေးမှာ လုပ်ကိုင်စားသောက်ဖို့ ခက်ကြတာပေါ့။ သူတို့ကို ပြန်ကြည့်ပေးဖို့လိုပါတယ်” ဟု ဦးဇော်ထက်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။