Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့ စစ်ကောင်စီဝန်ကြီးအိမ်ရာနှင့် စစ်ဆေးရေးဂိတ်ကို PDFက လက်နက်ကြီးဖြင့် ပစ်ခတ်

ယမန်နေ့(ဇူလိုင် ၁၇)ည ၁၁နာရီခန့်က စစ်ကောင်စီ၏ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာနအိမ်ရာအတွင်းသို့ (၈၁) မမ လက်နက်ကြီး သုံးလုံး၊ နယ်စပ်ရေးရာဌာနသို့ နှစ်လုံးနှင့် အိမ်ရာအပြင်ဘက်သို့ နှစ်လုံး အသီးသီးပစ်ခတ်ခဲ့ကြောင်း LLPDF က ပြောသည်။

(တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဝန်ကြီးအိမ်ရာနှင့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တို့ကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၇)ည ၁၁နာရီခန့်က စစ်ကောင်စီ၏ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာနအိမ်ရာအတွင်းသို့ (၈၁) မမ လက်နက်ကြီး သုံးလုံး၊ နယ်စပ်ရေးရာဌာနသို့ နှစ်လုံးနှင့် အိမ်ရာအပြင်ဘက်သို့ နှစ်လုံး အသီးသီးပစ်ခတ်ခဲ့ကြောင်း LLPDF က ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ကင်းပုန်းအပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးခန့်ရှိနေသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား (၈၁)မမ လက်နက်ကြီး လေးလုံးခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။

“ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် ကျွန်တော်တို့ စုံစမ်းနေတုန်းပါခင်ဗျာ”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက people’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေလ ၃၁ ရက်ကလည်း ထားဝယ်မြို့ပေါ်ရှိ အထက်ပါ စစ်ကောင်စီတိုင်းအစိုးရ ဝန်ကြီးများအိမ်ရာကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။