Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် တပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက်

အထက်ပါ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းတလျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိရာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအသေးစိပ်အခြေအနေအား မသိရသေးပေ။

(ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - DCC)
(ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များအားတွေ့ရစဥ်။ ဓာတ်ပုံ - DCC)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စခန်းငယ်တစ်ခုကို PDF ပူးပေါင်းတပ်များမှ တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်က ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းအတိုင်း အင်အား ၁၅၀ခန့်ဖြင့်လာသော စစ်ကောင်စီတပ်ကို ယင်းနေ့ညနေ ၃ နာရီကျော်တွင် ထားဝယ်စုပေါင်းစစ်ကြောင်း၊ သြဥစစ်ကြောင်းစသည့် PDF ပူးပေါင်းတပ်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲမှာ ညနေ ၃ နာရီမှ ၄ နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့ကာ PDF ပူးပေါင်းတပ်များ အထိအခိုက်မရှိဆုပ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက အသိပေးသည်။

Public Service Announcement
Public Service Announcement

အလားတူ ဇွန်လ၁၆ရက် ညနေ ၃ နာရီကျော်ခန့်ကပင် ထားဝယ်စုပေါင်းစစ်ကြောင်းမှ ဗိုလ်စူပါဦးဆောင်သော စစ်ကြောင်းသည် ထားဝယ်နယ်၊ ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး (၈)မိုင်၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းငယ်တစ်ခုကို လက်နက်ကြီးများပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးထားသည်။

အထက်ပါ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းတလျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိရာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအသေးစိပ်အခြေအနေအား မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။