Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်တစ်ရက်တည်း ပျူရွာသုံးရွာရှိ စခန်းများကို PDFများ တိုက်ခိုက်

မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏ လာရောက်တိုက်ခိုက်နေ၍ စစ်အုပ်စုဝင်များ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

(မြိုင် (ပကဖ)နှင့် ပူးပေါင်းအဖွဲ့က ပျူရွာစခန်းအား ဒရုန်းချတိုက်ခိုက်နေစဉ်)
(မြိုင် (ပကဖ)နှင့် ပူးပေါင်းအဖွဲ့က ပျူရွာစခန်းအား ဒရုန်းချတိုက်ခိုက်နေစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာ သုံးရွာရှိ စခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၉ ရက်) တစ်ရက်တည်း မြိုင်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ဝက်ပုတ်ရွာ၊ တွင်းမရွာနှင့် ကန်နီကျေးရွာတို့ရှိ စခန်းများကို မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဝက်ပုတ်ရွာရှိ ပျူစောထီးစခန်းကို နံနက် ၉ နာရီခန့်က လက်နက်ကြီး အချက်ရေ ၅၀ခန့်ဖြင့် ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

မွန်းလွဲ ၁ နာရီခန့်ကလည်း တွင်းမရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် အီနာဂါ အလုံး ၂၀ခန့်ချပြီး တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ဆိုသည်။

Public Service Announcement

Public Service Announcement

အီနာဂါဗုံးကြောင့် စစ်အုပ်စုနေထိုင်သော အဆောင်များ ထိခိုက်ပျက်စီးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တွင်းမရွာကို ဒရုန်း လေးစီးနဲ့ ဗုံး​တွေကြဲချသွားတယ်။ ညနေပိုင်း ရွာထဲဝင်တိုက်မယ်လို့တောင် သတင်းရလိုက်သေးတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါကျေးရွာရှိ ပျူခေါင်းဆောင် ကျော်ကျော်လှနေအိမ်ကိုလည်း အီနာဂါ လေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

နံနက် ၁၀နာရီခွဲခန့်ကလည်း ကန်နီပျုရွာအား ဒရုန်းဖြင့် အီနာဂါဗုံးသီး နှစ်လုံးချပြီး မောင်းသူမဲ့လေယာဉ်ဖြင့် မီးလောင်ဗုံး(၇)လုံးနှင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ထပ်မံအသိပေးသည်။

အဆိုပါ စစ်ဆင်ရေးများကို မြိုင်(ပကဖ ) တပ်ရင်း – ၁ ၊ တပ်ခွဲ – ၁ ၊ တပ်ခွဲ – ၂ ၊ KMDFနှင့် အခြားဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မြိုင်(ပကဖ)သည် ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီမှစတင်ကာ မြိုင်မြို့မြောက်ဘက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးအလုံး၂၀ ချကာ တိုက်ခိုက်ခဲ့ရာ ပျူ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏ လာရောက်တိုက်ခိုက်နေ၍ စစ်အုပ်စုဝင်များ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့