Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်အုပ်စုအား ဒေသကာကွယ်ရေးအဖွဲ့များ လေးရက်ဆက်တိုက်ခိုက်

ဧပြီ ၂၄ ရက် နံနက်ပိုင်းကလည်း မြိုင်(ပကဖ) အဖွဲ့သည် မြိုင်မြို့အတွင်းသို့ဝင်ရောက်ကာ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)
(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လေးရက်ဆက် တိုက်ခိုက်ရာ စစ်သားနှစ်ဦးထက်မနည်း သေဆုံးကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သရက်ကန်ကျေးရွာမှ ပျူစောထီးများသည် စခန်းအတွင်း မနေဘဲ နေအိမ်များတွင် ဖြန့်ကျက်နေကြောင်း သတင်းပေးချက်အရ ဧပြီ ၂၆ ရက်စ၍ ၂၉ ရက်အထိ လေးရက်ဆက် ဒရုန်းဖြင့် အီနာဂါဗုံးများချ တိုက််ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်ကြပ် တစ်ဦး ၊ သင်တန်းတက်နေသူတစ်ဦးအပါအဝင် ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

တိုက်ခိုက်မှုများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ – တပ်ခွဲ (၁)၊ တပ်ခွဲ – ၂ (ဂဠုန်) ၊ ဧရာအနောက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဧပြီ၂၉ ရက်ကလည်း ဖလန်ကိုင်းရေနံမြေသို့ ပြန်လည်ဝင်ရောက်လာသော စစ်ကြောင်းအား မိုင်းများ၊ အီနာဂါများ၊ လက်နက်ငယ်များဖြင့် လိုက်လံတိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကိုလက်ယျာက ပြောသည်။

ထိုတိုက်ခိုက်မှုကို ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်ပကဖရင်း၁ ခွဲ၄ စိပ်၂တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဧပြီ ၂၄ ရက် နံနက်ပိုင်းကလည်း မြိုင်(ပကဖ) အဖွဲ့သည် မြိုင်မြို့အတွင်းသို့ဝင်ရောက်ကာ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။