Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင်မြို့နယ်၌ AAနှင့် အာဆာ နှစ်ရက်ဆက် တိုက်ပွဲဖြစ် နှစ်ဖက်ထိခိုက်မှုရှိ

ဇူလိုင် ၁၈ရက်နှင့် ၁၉ရက်နေ့များ၌ ဘူးသီးတောင်မြို့နယ် စိမ့်ညှင်းပြားရွာသို့ ဦးတည်လာသည့် ARSAနှင့် AA တို့ မေယုတောင်တန်း ကျောက်စာတိုင်ရွာနှင့် အာကာပျံရွာအကြား တိုက်ပွဲဖြစ်ခဲ့သည်ဟုသိရသည်။

(ရက္ခိုင်တပ်​တော် (AA)မှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- Stimson)
(ရက္ခိုင်တပ်​တော် (AA)မှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- Stimson)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်ဟု ဘူးသီးတောင်ဒေသခံက ပြောသည်။

ဇူလိုင် ၁၈ရက်နှင့် ၁၉ရက်နေ့များ၌ ဘူးသီးတောင်မြို့နယ် စိမ့်ညှင်းပြားရွာသို့ ဦးတည်လာသည့် ARSAနှင့် AA တို့ မေယုတောင်တန်း ကျောက်စာတိုင်ရွာနှင့် အာကာပျံရွာအကြား တိုက်ပွဲဖြစ်ခဲ့သည်ဟုသိရသည်။

“အထိအခိုက်ကတော့ ကြားတာတော့ အာဆာဘက်က လူပေါင်း ဒါဇင်ကျော်တယ်ပြောတယ်။ AA ဘက်က အပြင်းစားတော့မဟုတ်ဘူးတဲ့မစိုးရိမ်ရတဲ့ဒဏ်ရာရတာ၃ယောက်လောက်ရှိတယ်တဲ့ အဲဒါက အရပ်သတင်းအရ ကြားမိတာပေါ့” ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးသော်လည်း ARSA အဖွဲ့က စိမ့်ညှင်းပြားရွာသို့ ဆက်ကြေးနှင့် ရိက္ခာ လာရောက်တောင်းယူစဉ် ဒေသခံမူဆလင်များက AA သို့ တိုင်ကြားဖြစ်သည်ဟု ကြားရကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အခုလည်း ရိက္ခာလာတောင်းတဲ့ဟာကို စိမ့်ညှင်းပြားက မူဆလင်တွေက AAကို သွားတိုင်တယ်တဲ့။ ပထမဆုံးတော့ စကစကို သွားတိုင်တယ်တဲ့။ စကစ နယ်ခြားစောင့်ကို သွားတိုင်တာ အရေးမယူဘူးတဲ့ ။ အဲဒီလို ဆိုတော့ AA ကို သွားတိုင်တာ။ AAက ပိတ်ဆို့တယ် ပိတ်ဆို့တဲ့ အချိန်မှာ သူတို့က လာပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ARSA အနေဖြင့် AAကို ယှဉ်ပြီး တိုက်နိုင်သည့် အင်အားမရှိကြောင်း ပြောသည်။

“ထိတွေ့တိုက်ပွဲပဲထင်ပါတယ်။ ARSAက AAကို ယှဉ်ပြီးတော့ တိုက်နိုင်လောက်အောင် အင်အားမရှိဘူး။ ARSA က ဟိုတလောကလည်း AAက သိမ်းထားတဲ့ နယ်ခြားစခန်းတွေမှာ လာပြီးတော့ ဝါဒဖြန့်ပြီး ဗွီဒီယိုရိုက်တာတွေရှိတယ်။ အဲဒီတုန်းကလည်း ULA/AA ဘက်က သူတို့ စခန်းကို ပြန်ဝင်သိမ်းတော့ တော်တော့ကို အထိနာသွားတယ်” ဟု ဦးဖေသန်းက ပြောသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့မှ အပ ကျန်မည်သည့် လက်နက်ကိုင်ကိုမှ ခွင့်မပြုဟု အသိပေးထားသည်ဟုဆိုသည်။

“AAကတော့ သူ့အနေနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ခွင့်မပြုဘူးဆိုတာ ပြောပြီးသားပါ။ ဒါ ARSA ရယ်လို့ မဟုတ်ပါဘူး။ အကုန်လုံးပေါ့။ သူက လွဲလို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ခွင့်မပြုဘူးဆိုတာ အစကတည်းက ပြောထားတာတော့ရှိတယ်။ ARSAနဲ့ ပတ်သက်ပြီးလည်း သူတို့ အဲဒီ အတိုင်းပဲ ရပ်တည်မှာပါ” ဟု ဦးဖေသန်းက ပြောသည်။

AAသည် စစ်တပ်အာဏာမသိမ်းမီ လပိုင်းအလိုက စစ်တပ်နှင့် အပစ်ရပ်စဲခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ နှစ်လယ်ပိုင်း၌ ​ဒေသအချို့တွင် တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒုတိယ အကြိမ်ထပ်မံ၍ စစ်ကောင်စီနှင့်အပစ်ရပ်စဲရေးလုပ်ထားသည့် အဖွဲ့လည်းဖြစ်သည်။

တစ်ဖက်တွင်လည်း AA အနေဖြင့် ကချင်၊ ချင်း၊ မကွေး ဒေသများ၌ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း တိုက်ပွဲဝင်နေမှု ရှိသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ ထို့ပြင် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့များကို လက်နက်အပါအဝင် အခြားသော ကူညီပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သက်ဆိုင်ရာ အဖွဲ့များက ထုတ်ပြန်အသိပေးထားဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော