Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောက်ယှက်ပါက ထိရောက်စွာ အရေးယူမည်ဟု​မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြေညာ

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ် များအပေါ် အနှောက်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောက်ယှက်ပါက ထိရောက်စွာ အရေးယူမည်ဟု​မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြေညာ
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောက်ယှက်ပါက ထိရောက်စွာ အရေးယူမည်ဟု​မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြေညာ

နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောက်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု တရုတ်နယ်စပ် အခြေစိုက် တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် တရုတ်စီမံကိန်းများ ရှိရာ ရခိုင်ဒေသ အခြေစိုက် ရက္ခိုင့်တပ်တော်(AA) တို့က ယမတ်​နေ့တွင်ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ထိန်းချုပ်နယ်မြေအတွင်းနှင့် လှုပ်ရှားနယ်​မြေများအတွင်းတည်ငြိမ်အေးချမ်းရေးအတွက်ဆိုကာ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ဇူလိုင် ၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူး လွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကိုပိုမိုတိုးတက်ကောင်းမွန်ရန် အတွက်၊တက်ကြွစွာ အတူပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့သဘောထားထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (သို့မဟုတ်) လူပုဂ္ဂိုလ် များအပေါ် အနှောက်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။

ဒေသတည်ငြိမ်းအေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားမည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီးစစ်ဆေးကာ နည်းမှန် လမ်းမှန် အရေးယူသွားမည်ဟု ဆိုသည်။

အကြမ်းဖက် လုပ်ရပ် အား ကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက် အရေးယူသွားမည်ဖြစ်ကြောင်း ၊ လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက အချိန်မီ သတင်းပို့ရန်လည်း မေတ္တာရပ်ခံထားသည်။

မြန်မာလူထု တစ်ရပ်လုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံကြသူများ အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

​မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က နိုင်ငံတကာ စီမံကိန်းများဟုသော်လည်း တရုတ် စီမံကိန်းများကို ရည်ညွှန်းခြင်းဖြစ်​ကြောင်း ရှမ်းပြည်နယ်​မြောက်ပိုင်း​​နေပြည်သူတစ်ဦးက​ပြောသည်။

ယခုကဲ့သို့ကြေညာချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်အား ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။