Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လူပုဂ္ဂိုလ် ၆ ဦးနှင့် အဖွဲ့အစည်းတစ်ခုအပေါ် အီးယူ ပိတ်ဆို့အရေးယူ

အီးယူသည် အာဏာသိမ်းစစ်အုပ်စု ဆက်လက်ကျူးလွန်နေသာ အကြမ်းဖက်မှုများနှင့် ဒေသတွင်းအပေါ် ရိုက်ခတ်လာများ၊ ကြာရှည်သော ပဋိပက္ခဆီ ဆင့်ကဲ့ပြောင်းလဲလာမှုများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဖော်ပြသည်။

(ဥ​ရောပသမဂ္ဂ(EU)အလံ။ ဓါတ်ပုံ-Pexels)
(ဥ​ရောပသမဂ္ဂ(EU)အလံ။ ဓါတ်ပုံ-Pexels)

ဥရောပသမဂ္ဂ(EU)သည် အာဏာသိမ်းစစ်ကောင်စီအပေါ် (၇)ကြိမ်မြောက်အရေးယူပိတ်ဆို့မှုကို ယနေ့ ချမှတ်လိုက်ပြီး လူပုဂ္ဂိုလ် ၆ ဦးနှင့် အဖွဲ့အစည်းတစ်ခု ပါဝင်သည်။

အီးယူသည် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်(SAC-အဖွဲ့ဝင်) နှစ်ဦး၊ စစ်ကောင်စီလက်အောက်ခံဝန်ကြီး သုံးဦးနှင့် စစ်ထောက်ချုပ်တစ်ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆ ဦးနှင့် စစ်တပ်အတွက် အကျိုးအမြတ်ရရှိစေသည့် စစ်ကောင်စီလက်အောက်ခံ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့ကို အရေးယူပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

အရေးယူပိတ်ဆို့ခြင်းခံရသူများမှာ SAC အဖွဲ့ဝင် အောင်ကျော်မင်း၊ SAC အဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့်စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ဖြစ်သည်။

လက်ရှိအချိန်အထိ အီးယူသည် အာဏာသိမ်းစစ်တပ်နှင့် စစ်ကောင်စီအပေါ် စုစုပေါင်း လူပုဂ္ဂိုလ် ၉၉ ဦးနှင့် အဖွဲ့အစည်း ၁၉ ခုကို အရေးယူပိတ်ဆို့ပြီးဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။ အရေးယူပိတ်ဆို့ခံသူများမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံတွင် ပိတ်ဆို့ခြင်းခံရမည်ဖြစ်ပြီး ယင်းနိုင်ငံများသို့လည်း ခရီးသွားလာခွင့် ရရှိမည်မဟုတ်ပေ။

Public Service Announcement

Public Service Announcement

အီးယူသည် အာဏာသိမ်းစစ်အုပ်စု ဆက်လက်ကျူးလွန်နေသာ အကြမ်းဖက်မှုများနှင့် ဒေသတွင်းအပေါ် ရိုက်ခတ်လာများ၊ ကြာရှည်သော ပဋိပက္ခဆီ ဆင့်ကဲ့ပြောင်းလဲလာမှုများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူ အနည်းဆုံး ၁၇၁ ဦး သေဆုံးခဲ့ရသော ဧပြီ ၁၀ တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု(ကန့်ဘလူ ပဇီကြီးဖြစ်စဥ်)အပါအဝင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု၊ အရပ်ဖက်အဖွဲ့အစည်း၊ လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းသမားများအပေါ် နှိပ်စက်မှု၊ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ တိုက်ခိုက်မှုများ ကျယ်ပြန့်စွာ ဆက်လက်လုပ်ဆောင်နေခြင်းကို အီးယူက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

မြန်မာစစ်တပ်၏ စစ်မက်ပြုခြင်းများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး စစ်တပ်အာဏာပိုင်များသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို အပြည့်အဝလေးစားလိုက်နာကာ အင်အားသုံးခွဲခြားဆက်ဆံမှုများကို ရပ်တန့်ရမည်ဟု အီးယူက သတိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။