Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှူးတို့၏ညွှန်ကြားချက်များအရ အခုလိုတားမြစ်ချက်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ တိုက်နယ်/ရပ်ကျေး ပကဖ/ပအဖ/LPDF များအနေဖြင့် ရွှေဘို – မန္တလေး ၊ ရွှေဘို – မုံရွာ ကားလမ်းပေါ် အလှူခံခြင်းမပြုရန် တားမြစ်ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သုံးကြိမ် သတိပေးထားမြစ်ထားကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသမှူးတို့၏ညွှန်ကြားချက်များအရ အခုလိုတားမြစ်ချက်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ သတိပေးတားမြစ်ချက်ကို ဇူလိုင်လ ၆ရက်တွင် တစ်ကြိမ်၊ ဇွန်လ ၇ရက်တွင် တစ်ကြိမ်၊ ၂၀၂၂ ဒီဇင်ဘာ ၁၆ရက်တွင် တစ်ကြိမ် ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

“သုံးကြိမ်တိုင်တိုင်စာဖြင့် အသိပေးထားပြီး ဖြစ်ပြီးဖုန်းဖြင့်၊ နှုတ်ဖြင့် အကြိမ်ကြိမ်ရှင်းပြပြီးဖြစ်ကြောင်း သတင်းမီဒီယာများအား ကြိုတင်အသိပေးပါသည်”ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး Facebook စာမျက်နှာ၌ ယနေ့ မနက်တွင် ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ခရီးသွားပြည်သူများ ပူးပေါင်းပါဝင် ထိန်းကျောင်းနိုင်ရန် နှင့် သတင်းပေး တိုက်ကြားနိုင်ရန် တယ်လီဂရမ်ဖွင့်လှစ်သွားမည်ဟုလည်း ဖော်ပြသည်။

ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး
ဝက်လက်နယ်ရှိ ပအဖ၊ ပကဖနှင့် LPDFများ လမ်းပေါ် အလှူမခံရန် မြို့နယ်(ပအဖ) နောက်ဆုံးအကြိမ် သတိပေး

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)များ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်(LPDF)များအား ဂိတ်စခန်းဖွင့်တာ၊ ငွေကြေးကောက်ခံတာ မပြုလုပ်ဖို့ နှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများ အနေဖြင့် လိုက်နာခြင်းမရှိခဲ့၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်သည်ကို နောက်ဆုံးအကြိမ် အကြောင်းကြားခြင်းဖြစ်သည်ဟု ယခု ဇူလိုင်လ အကြောင်းကြားစာ၌ ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများလမ်းပေါ်တက် အလှူခံနေခြင်းသည် ခရီးသွား ပြည်သူများကို စိတ်အနှောက်အယှက်ဖြစ်စေသည့်အပြင် တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်းလည်း အကြောင်းကြားစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းက ပစ္စည်းတွေ လုယူသွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ တိုက်ပွဲပြင်းထန် နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရွာတွေကို တပ်စွဲထားတဲ့ စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။