Connect with us

Hi, what are you looking for?

သတင်း

PDF အထူးတိုင်းစစ်ဌာနက မဟာမိတ်များနှင့် လက်တွဲပြီး စစ်ဆင်ရေးများအရှိန်မြှင့်မည်ဟု ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။

PDF အထူးစစ်ဆင်ရေးအဖွဲ့ SOFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SOF

ဩဂုတ် ၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအထူးတိုင်းစစ်ဌာနအနေဖြင့် မဟာမိတ်များနှင့်လက်တွဲပြီးစစ်ဆင်ရေးများအရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ယနေ့(ဩဂုတ်၂၇ရက်) ထုတ်ပြန် ကြေညာသည်။

တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာများ၊တပ်ရင်းများနှင့် တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROs တပ်ဖွဲ့များ၊ LPDF များနှင့်အတူ လက်တွဲသွားမည်ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှုပြုလုပ်၍ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော တိုင်းစစ်ဌာန ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စုဖွဲ့မှုကတော့ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ MOD ကွပ်ကဲမှုအောက်က PDF တပ်ရင်း ဗျူဟာတွေ နဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ပါတယ်။တိုင်းရင်းသား တော်လှန်ရေးအင်အားစုနယ်မြေတွေ လွတ်မြောက်ရေးမှသည်

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးတွေအတွက် အဓိကစုဖွဲ့တည်ဆောက်ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပါတယ်။လက်ရှိစစ်ရေးလှုပ်ရှားမှုတွေကတော့ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ ရှိနေပါတယ်”ဟုအထူးတိုင်းစစ်ဌာနသတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

NUG မှ တာဝန်ရှိသူ တဦးကလည်း”စစ်ဌာန ၂ခု​ပေါ့​နော် ။ တနသာ်ရီတိုင်းစစ်ဌာန နဲ့ အထူးတိုင်း စစ်ဌာန ဆိုပြီး​တော့ စစ်ဆင်​ရေးနယ်​မြေ (၁ )ထဲမှာပါတယ် ။အဲထဲမှာမှ အထူးတိုင်းစစ်ဌာနထဲမှာ ကရင်ပြည်နယ် ၊မွန်ပြည်နယ် နဲ့ ရန်ကုန် အ​ရှေ့နဲ့ ​​တောင်ပိုင်း​တွေပါ ပါတယ် ဗျ”ဟုပြောသည်။

ယနေ့တွင် အထူးတိုင်းစစ်ဌာန Facebook Page (https://www.facebook.com/share/p/1C6uybt76C/)ကို မိတ်ဆက်ခဲ့ပြီး တိုင်းစစ်ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များအား ပြည်သူလူထုသို့ အချိန်နှင့်တပြေးညီ တရားဝင်ထုတ်ပြန်သွားမည်ဟု အသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံကြီးတခုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား ခြိမ်းခြောက်ဖိအားပေးနေမှုကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း အထွေထွေထိုးစစ်အတွက် လက်နက်ခဲယမ်းမီးကျောက်ရရှိရေး ပြင်ဆင်မှုနှင့် နည်းလမ်းရှာပြီး ဒရုန်း၊ ဂျန်ဘာကဲ့သို့ နည်းပညာပစ္စည်းများ ဖြည့်တင်းမှုလုပ်ဆောင်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိတော်လှန်ရေး၏ အခြေအနေနှင့်အထွေထွေထိုးစစ်အကြောင်းကို NUG သတင်းပြန်ကြားရေးဌာန PVTV မှတဆင့် ယနေ့ ထုတ်လွှင့်​သောအင်တာဗျူးတွင် အသိပေးခဲ့ရာ တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးရန် အထွေထွေထိုးစစ် မဖြစ်မနေပြုလုပ်ရမည်ဟုပြောကြားသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွင် အတွေ့အကြုံကောင်းများနှင့် အားသာချက်များဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ပြင်ဆင်နေပြီး အဓိက ကြုံနေရသည့် စိန်ခေါ်မှု(၇)ချက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။