Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်လှရွာပျူစခန်းတိုက်ခိုက်မှု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဟုဆို

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)
(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)

စစ်ကိုင်းတိုင်း၊ ညောင်ပင်လှကျေးရွာရှိ ပျူစောထီးစခန်းတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

“ညောင်ပင်လှ(ခ) ညောင်ကိုင်းမြောက်ရွာပါ။ စိတ်သုံးစိတ်ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပျူအုပ်ချုပ်ရေးမှူးရှိတဲ့ နေရာနဲ့ပျူတွေအဓိကရှိနိူင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး စိတ်သုံးစိတ်ခွဲပြီး ဝင်ပစ်ခဲ့တာပါ”ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်အုပ်စုဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကာဘိုင် နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် တစ်ခုနှင့် ချပ်ဝတ်တန်ဆာ ခုနစ်ခုတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွှေဘိုမြို့ အနောက်ဘက်ခြမ်းအဲ့ရွာတွေဘက်က ပျူရွာတွေဆက်နေတဲ့အတွက် လက်နက်ကြီးပစ်ကူထောက်ပေးနေတာရယ် စစ်ကူရယ်ရောက်လာတဲ့အတွက် နောက်ဆုံးတကင်းကျန်တဲ့အချိန်ရွာကိုမသိမ်းနိုင်ခဲ့တာပါ။”ဟု Shweo Justice Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ ကျန်ခဲ့တယ်။ အဲ့ဘက်က ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်မို့ စစ်ကူရောက်လာပြီး လက်နက်ကြီးပစ်ကူပေးတဲ့အတွက် ရွာမြောက်ခြမ်းက ကင်းတကင်းတော့ကျန်ခဲ့တယ်ဗျ။ ကျန်တဲ့သူတွေက မြောက်ဘက်ခြမ်းက ကင်းကိုပြေးကြတာ။”ဟု ရွှေဘို(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတော သား အဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ် (၃) ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ (ဂဠုန်မင်း အဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။