Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်လှရွာပျူစခန်းတိုက်ခိုက်မှု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဟုဆို

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)
(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-LDF)

စစ်ကိုင်းတိုင်း၊ ညောင်ပင်လှကျေးရွာရှိ ပျူစောထီးစခန်းတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

“ညောင်ပင်လှ(ခ) ညောင်ကိုင်းမြောက်ရွာပါ။ စိတ်သုံးစိတ်ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပျူအုပ်ချုပ်ရေးမှူးရှိတဲ့ နေရာနဲ့ပျူတွေအဓိကရှိနိူင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး စိတ်သုံးစိတ်ခွဲပြီး ဝင်ပစ်ခဲ့တာပါ”ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်အုပ်စုဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ ကာဘိုင် နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် တစ်ခုနှင့် ချပ်ဝတ်တန်ဆာ ခုနစ်ခုတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

“ရွှေဘိုမြို့ အနောက်ဘက်ခြမ်းအဲ့ရွာတွေဘက်က ပျူရွာတွေဆက်နေတဲ့အတွက် လက်နက်ကြီးပစ်ကူထောက်ပေးနေတာရယ် စစ်ကူရယ်ရောက်လာတဲ့အတွက် နောက်ဆုံးတကင်းကျန်တဲ့အချိန်ရွာကိုမသိမ်းနိုင်ခဲ့တာပါ။”ဟု Shweo Justice Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး။ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ ကျန်ခဲ့တယ်။ အဲ့ဘက်က ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်မို့ စစ်ကူရောက်လာပြီး လက်နက်ကြီးပစ်ကူပေးတဲ့အတွက် ရွာမြောက်ခြမ်းက ကင်းတကင်းတော့ကျန်ခဲ့တယ်ဗျ။ ကျန်တဲ့သူတွေက မြောက်ဘက်ခြမ်းက ကင်းကိုပြေးကြတာ။”ဟု ရွှေဘို(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတော သား အဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ် (၃) ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ (ဂဠုန်မင်း အဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိဟု သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။