Connect with us

Hi, what are you looking for?

သတင်း

ကျိုက်စကောအကျဉ်းထောင်မှ နိုင်ကျဉ်းများအား ခေါ်ထုတ်သတ်ဖြတ်နေသည့် ခလရ(၃၀)အား ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်

ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ(၃၀) တပ်ရင်းကို ယမန်နေ့ (ဇူလိုင်လ ၂၃)ရက် ည၈နာရီတွင် (၁၀၇)မမ ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့ (ဇူလိုင် ၂၄ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ဓာတ်ပုံ - CJ)

ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ခေါ်ထုတ်ပြီး လက်စဖျောက် သတ် ဖြတ်မှုများကျူးလွန်‌နေသည့် ခလရ(၃၀) တပ်ရင်းအား ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ဒိုက်ဦးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ(၃၀) တပ်ရင်းကို ယမန်နေ့ (ဇူလိုင်လ ၂၃)ရက် ည၈နာရီတွင် (၁၀၇)မမ ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့ (ဇူလိုင် ၂၄ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ကျိုက်စကောအကျဉ်းထောင်ကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ အတည်ပြုသည်။

စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ထပ်မံတိုက်ခိုက် သွားမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်တင်ဦးက ” ကျနော်တို့ အိမ်ပြန်ခရီးစနေပါပြီပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြပါ “ဟု သတင်းစကားပါးသည်။

Public Service Announcement
Public Service Announcement

ခလရ(၃၀)တပ်ရင်းသည် ဒိုက်ဦးမြို့နယ် ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို အဓမ္မဖမ်းဆီးခေါ်ထုတ်ပြီး လက်စဖျောက်သတ်ဖြတ်မှုများကို ကျူးလွန်လုပ်‌ဆောင်လျက်ရှိသည့် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလရ(၃၀)တပ်ရင်းသည် ဒိုက်ဦးမြို့နယ် ဘုရားကြီးကွင်းကျေးရွာအုပ်စု၊ ပျဉ်ပုံကြီးရွာအနီးတွင် ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း (၃၇၀၁)၊ တပ်ခွဲ – ၅ နှင့် Daik-U Defence Force (DDF) တို့ပူးပေါင်း၍ ရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်ခြင်းဟု သိရသည်။

ခလရ(၃၀) တပ်ရင်း၏ ကင်းဂိတ်နှင့် အဆောင်များကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကနဦးရရှိထားသည့် သတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။

ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲပြီး ၁နာရီခန့်အကြာတွင် စစ်ကောင်စီတပ်က တပ်ရင်းအတွင်းမှနေ၍ သေနတ်များဖြင့် အတွဲလိုက် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကျိုက်ဇကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ဦးကို ဇွန်လ ၂၇ရက်တွင် ခေါ်ထုတ်သွားပြီး ယင်းတို့အနက်မှ ရှစ်ဦးသတ်ဖြတ်ခံထားရကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဇူလိုင် ၂၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။