Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ကျဉ်းများအား စစ်ဆင်ရေးပြုလုပ်ကာ အကြမ်းဖက်သတ်ဖြတ်မည့်အစီအစဉ်စစ်ကောင်စီပြုလုပ်နေဟု အကျဉ်းထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းကလည်း ထင်ရှားသည့် နိုင်ငံရေးအကျဥ်းသားများဖြစ်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသဖြင့် သေဒဏ်ချကွက်မျက်ခဲ့သည်။

(စစ်ကောင်စီ၏ အကျဥ်းထောင်လုံခြုံရေးဝန်ထမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ အကျဥ်းထောင်လုံခြုံရေးဝန်ထမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား စစ်ဆင်ရေးပြုလုပ်ကာ အကြမ်းဖက်သတ်ဖြတ်မည့်အစီအစဉ်ဖြင့်ပြုလုပ်နေကြောင်း အဆိုပါ အကျဥ်းသားများက အသိပေးထုတ်ပြန်သည်။

ထို့အပြင် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်ထားကြရန် အကျဉ်းထောင်တွင်းနိုင်ငံရေးအကျဉ်းသားများက အသိပေးတောင်းဆိုသည်။

အဆိုပါ အကျဉ်းထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ၏ ထုတ်ပြန်စာကို တကသများ-ရန်ကုန်က ယမန်နေ့တွင် ထပ်ဆင့် ဖော်ပြလာခြင်းဖြစ်သည်။

“မေလ (၂၁)ရက်နေ့ကစလို့ စစ်ကောင်စီဟာ အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေကို စစ်ဆင်ရေးတွေ စလုပ်တယ်။ ၉ရက်အတွင်း အကျဉ်းထောင် (၃)ခုမှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ပသို့ ခေါ်ထုတ်တယ်။ ၂ဦးကို သတ်ဖြတ်ပြီး ကျန်သူတွေကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်တယ်။ သည်ရက်ပိုင်းမှာ နောက်ထပ်အကျဥ်းထောင်တွေ တစ်ခုပြီးတစ်ခု ဝင်ရောက်အကြမ်းဖက်မယ်။ နိုင်ငံရေးအကျဥ်းသားတွေကို အပြင်ခေါ်ထုတ်မယ်။ ရိုက်နှတ်သတ်ဖြတ်မယ်။ ဒါဟာ လုပ်ကိုလုပ်မယ့် အစီအစဥ်ဖြစ်တယ်”ဟု အကျဉ်းထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “ဒီနေ့ နိုင်ငံရေးအကျဥ်းသားတွေ ဆန္ဒပြမယ်။ ဘာမှမစွမ်းဆောင်နိုင်မယ့်အတူတူ UN,ICRC,AI အဖွဲ့တွေ စစ်ကောင်စီရဲ့ လူသတ်ပြဇာတ်ကို အထူးတန်းက ဆက်ကြည့်ပါ။ အကျဥ်းထောင်တွင်းမှာ နှိပ်စက်သတ်ဖြတ်ခံရသူတွေအကြောင်း အာရုံစိုက်ပေးဖို့ မပန်ကြားလိုပါ။ ပြည်သူလူထုကို ပန်ကြားလိုတာက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်စေချင်ပါတယ်။ ဒီနေ့ ထောင်ထဲမှာလည်း ဒီတောင်းဆိုချက်တွေကို ဆက်လက်ဆွဲကိုင် ဆန္ဒဖော်ထုတ်တယ်” ဟု ထုတ်ပြန်ချက်တွင် ထပ်မံ ပါရှိသည်။

စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင်ပြင်ပသို ခေါ်ထုတ်စစ်ဆေးမှုများရှိရာ မေလ ၂၁ မှ ၂၄ ရက်အထိ မြင်းခြံအကျဥ်းထောင်မှ အကျဥ်းသား ၁၁ ဦးကို အပြင်သိုခေါ်ထုတ် ညှင်းပန်းနှိပ်စက်မှုပြုလုပ်၍ ကိုဥက္ကာဆိုသူ ကျဆုံးခဲ့သည်။

ပဲခူးတိုင်းရှိ ကျိုက်စကောအကျဥ်းထောင်၌ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဥ်းသား ကိုသန့်ဇင်ဝင်းသည် စစ်ကြောရေးသို အပိုခံရစဥ် သေဆုံးသွားကြောင်း ပဲခူးမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို ပြောသည်။

ယင်းကဲ့သို့ နိုင်ငံရေးအကျဥ်းသားများအား ထောင်တွင်းအကြမ်းဖက်မှုများ ပပျောက်စေရေးနှင့် အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကူညီဆောင်ရွက်ပေးကြရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းကလည်း ထင်ရှားသည့် နိုင်ငံရေးအကျဥ်းသားများဖြစ်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသဖြင့် သေဒဏ်ချကွက်မျက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။