Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ် နခံတောရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးခန့်သေ၊ PDF ရဲဘော်သုံးဦးကျဆုံး

လောင်းလုံးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျှက်ရှိသော ဗထူးစစ်ကြောင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ Dawei Guerrilla Revolutionary Force(DGRF)၊ YPPDF နှင့် ရေဖြူ(ပကဖ)တို့ ပါဝင်သည်။

(လောင်းလုံးနယ်၊ နခံတောရွာအား ဇူလိုင်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်)
(လောင်းလုံးနယ်၊ နခံတောရွာအား ဇူလိုင်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင် စီတပ်မှ ၁၀ဦးခန့်သေဆုံး၍ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၆ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ဗထူးစစ်ကြောင်းက ယနေ့(သြဂုတ် ၃) ထုတ်ပြန်သည်။

နခံတောရွာရှိ ရပ်ခံတောင်ပေါ်ဘုရားကုန်းသို့ စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ဖြင့် မြေသယ်ယာဥ်များနှင့် ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိလာရာ ယင်းနေ့နံနက် ၆ နာရီခွဲခန့်တွင် ဗထူးစစ်ကြောင်းမှရဲဘော်များနှင့် ထိပ်တိုက်တွေ့ကာ မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် ဗထူးစစ်ကြောင်းမှ ရဲဘော်သုံးဦး မြင့်မြတ်စွာကျဆုံးပြီး တစ်ဦးမစိုးရိမ်ရဒဏ်ရာရသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

ထို့နောက် စစ်ကောင်စီတပ်၏ အခြားစစ်ကြောင်းတစ်ကြောင်းမှာ ခမောင်းတောင်ကျေးရွာဘက်မှ တောင်မင်းပြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ဗထူးစစ်ကြောင်းမှ ရဲဘော်များက အသင့်စောင့်စိုင်းပြီး အင်အားပြင်းမိုင်းလေးလုံးနှင့် တပြိုင်နက်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရသွားကာ ဗထူးစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယင်းနေ့(ဇူလိုင် ၂၂)နေ့လယ် ၁ နာရီခန့်တွင် စစ်​ကောင်စီတပ်၏ လှုပ်ရှားစစ်ကြောင်းတစ်ခုသည် တောရှည်ရွာဘက်မှ ဖွားဘုတ်ပြင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေစဥ် ဗထူးစစ်ကြောင်းမှ ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီးရှစ်လုံး၊ (၇၉)မမအလုံး ၆၀ တို့ဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဗိုလ်ကြီးတစ်ဦးမျက် နှာထိမှန်၍ ခြောက်ဦးထက်မနည်း ထိခိုက်သွားကြောင်း အသိပေးသည်။

“ကျနော်တို့ ပွဲဖြစ်ခဲ့တဲ့ တချို့နေရာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နိုင်ခဲ့ပြီ။ အကုန်လုံးတိုးပြီးတော့ မလုပ်နိုင်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ (စစ်ကောင်စီတပ်)တချို့အဲဒီနေရာတွေမှာ ဆက်ရှိနေသေးတယ်ဗျ”ဟု တိုက်ပွဲဖြစ်ပွားပြီး နောက်ဆက်တွဲအခြေအနေအား ဗထူးစစ်ကြောင်းတွင်ပါဝင်သည့် လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားပြီး နောက်တစ်ရက် ဇူလိုင် ၂၃ တွင် တောင်မင်းပြောင်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာဘက်သို့ထွက်လာစဥ် တိုက်ခိုက်ရန်ပြင်ဆင်ထားသော်လည်း ဒေသခံပြည်သူများအားဖမ်းဆီး၍ လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာသဖြင့် မတိုက်ခိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဗထူးစစ်ကြောင်းက ဆိုသည်။

“တောင်မင်းပြောင်ရွာခံတွေက ဟိုကောင်တွေ(စစ်ကောင်စီတပ်)ထွက်သွားပြီထင်ပြီး ရွာထဲပြန်ဝင်ကြတာ။ အဲအချိန်မှာ ရွာထဲကျန်နေတဲ့ကောင်တွေက ပြည်သူတွေကိုဖမ်းပြီး ဓားစာခံအဖြစ်ခေါ်သွားတာဗျ။ ဟိုဘက်(မြို့ဟောင်းရွာ)ရောက်တဲ့အချိန်မှာတော့ ပြန်လွှတ်ပေးလိုက်တယ်”ဟု ဗထူးစစ်ကြောင်းတွင်ပါဝင်သည့် လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း နခံတောအပါအဝင် ကျေးရွာအချို့တွင် စစ်တပ်စစ် ကြောင်းအချို့ ဆက်ရှိနေခြင်းကြောင့် တိုက်ပွဲများအချိန်မရွေးထပ်မံဖြစ်ပွားနိုင်၍ ပြည်သူများသတိပြုနေထိုင်ကြရန် ဗထူးစစ်ကြောင်းက အသိပေးထား သည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျှက်ရှိသော ဗထူးစစ်ကြောင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ Dawei Guerrilla Revolutionary Force(DGRF)၊ YPPDF နှင့် ရေဖြူ(ပကဖ)တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ