Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ မြစ်ကြီးနားနှင့် ဝိုင်းမော်သို့ဓာတ်အားပေးသည့်လိုင်းများ ပျက်စီးဟု KIA ပြော

စစ်ကောင်စီတပ်သည် KIO/KIA ဌာနချုပ် အနီး နမ့်ဆန်ယာန်ဒေသသို့ ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိရာ တစ်လကြာမြင့်ပြီဖြစ်သည်။

(ယနေ့ မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ - The Kachinnet)
(ယနေ့ မလိချောင်းအနီး လေကြောင်းတိုက်ခိုက်ခံရမှု သတင်းဖော်ပြရာ၌ KIA သတင်းပြန်ကြားရေးဌာနက အသုံးပြုခဲ့သည့်ဓာတ်ပုံ။ ဓာတ်ပုံ - The Kachinnet)

▪️မလိချောင်းတံတားရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုအနက် တစ်ခုကိုသိမ်းနိုင်ဟု သတင်းရထားကြောင်းအသိပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိချောင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုအနက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း သတင်းဖော်ပြမှု အချို့နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခြင်းဖြစ်သည်။

“မလိစခန်းကတော့ မလိချောင်းတံတားရဲ့ ဟိုဘက် ဒီဘက်ရှိတဲ့ စခန်းဖြစ်ပါတယ်။ ဆိုတော့ ဒီ ဂန်ဒေါင်ယန်ဘက်စခန်းကို သိမ်းလို့ရတယ်ဆိုတဲ့ သတင်းတော့ရပါတယ်။ဒါပေမဲ့ ဘယ်လောက်အထိ အတည်ပြုနိုင်တယ်ဆိုတာတော့ အခုထက်ထိကျနော်တို့လည်း အဆက်အသွယ်တော့ မရဘူးဖြစ်နေတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့ (ဩဂုတ် ၄ရက်)တွင် မြေပြင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လာသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“တံတားဦးကနေ တက်လာတဲ့ တက်လာတဲ့ လေကြောင်းကနေ ဗုံးကြဲတဲ့ တိုက်ခိုက်မှုတော့ရှိပါတယ်။ သူတို့ ဗုံးကြဲတဲ့အတွက် ကျနော်တို့ မလိကနေ ဝိုင်းမော် မြစ်ကြီးနားဘက်ကို သွယ်ပေးတဲ့ ရေအားလျှပ်စစ်ရဲ့ မီးကြိုးတွေပျက်စီးသွားတယ်။ အခုတော့ မလိရေအားလျှပ်စစ်ကနေ မြစ်ကြီးနား ဝိုင်းမော်ဘက်ပေးတဲ့ဟာ နည်းနည်းအခက်အခဲရှိသွားတာ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝိုင်းမော် နှင့် မြစ်ကြီးနားသို့ လျှပ်စစ်ဓာတ်အားပေးနေသည့်စက်ရုံကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ပိုင် ဘူးဂါးကုမ္ပဏီကဆောင်ရွက်ခြင်းဖြစ်သည်။ ယခု ဓာတ်အားလိုင်းများပျက်စီးမှုကြောင့် ဝိုင်းမော်နှင့်မြစ်ကြီးနားတွင် ဓာတ်အားရရှိမှုအပေါ် သက်ရောက်မှုမည်မျှရှိသည်ကို စုံစမ်းနေဆဲဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုသတင်းကို KIA သတင်းပြန်ကြားရေးဌာနက ယနေ့ဖော်ပြခဲ့ရာ Facebook အသုံးပြုသူတစ်ဦးက “မီးပျက်တာ ဒီကောင်တွေ(စစ်ကောင်စီတပ်) လက်ချက်(လေကြောင်းဗုံးကြဲတိုက်ခိုက်မှု)လား”ဟု မှတ်ချက်ပေးထားသည်။

စစ်ကောင်စီတပ်သည် KIO/KIA ဌာနချုပ် အနီး နမ့်ဆန်ယာန်ဒေသသို့ ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိရာ တစ်လကြာမြင့်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။