Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် လေယာဥ်ဆီတင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ

သင်္ဘော ၅စီးအနက် သုံးစီးမှာ လေယာဥ်ဆီတင်လာပြီး ကျန်နှစ်စီးမှာ ပွိုင့် ၅ လက်နက်များပါ တပ်ဆင်ထားသော စစ်သင်္ဘောများ ဖြစ်သည်။ လေယာဥ်ဆီတင်သင်္ဘောများအား ကာကွယ်ရန် စစ်သင်္ဘောပေါ်မှ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း M.R.D.A၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နောင်ရိုးက ပြောသည်။

(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား ၂၀၂၂ခုနှစ်က တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း လေယာဥ်ဆီများတင်ဆောင်လာသော စစ်သင်္ဘော ၅ စီးအားတိုက်ခိုက်ရာ စစ်သား ၁၀ဦးခန့် သေဆုံးကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၅ရက်) နေ့လယ် ၁နာရီခန့်က ပခုက္ကူမြို့ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၅ စီးအား ညောင်ပင်ကြီးမရောက်မီ ဆားလင်းကြီးမြို့နယ်အတွင်း မြစ်ကြောင်းတနေရာတွင် တိုက်ခိုက်ခဲ့ကြောင်း M.R.D.A က အသိပေးသည်။

သင်္ဘော ၅စီးအနက် သုံးစီးမှာ လေယာဥ်ဆီတင်လာပြီး ကျန်နှစ်စီးမှာ ပွိုင့် ၅ လက်နက်များပါ တပ်ဆင်ထားသော စစ်သင်္ဘောများ ဖြစ်သည်။ လေယာဥ်ဆီတင်သင်္ဘောများအား ကာကွယ်ရန် စစ်သင်္ဘောပေါ်မှ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း M.R.D.A၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နောင်ရိုးက ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်များက လက်လုပ် (၄၀) မမ၊ (၆၀) မမနှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးမှာ (၆၀)မမ ထိမှန်၍ ခေတ္တရပ်သွားခဲ့ပြီး ရှေ့သင်္ဘောများက ပစ်ကူကာစောင့်ခေါ်ခဲ့ရကြောင်း M.R.D.A ရဲဘော်များက ပြောသည်။

စစ်သင်္ဘော ၅စီးသည် မုံရွာ အလုံဆိပ်ကမ်းတွင် ကမ်းကပ်ထားပြီး ထိခိုက်သူအချို့အားဆေးကုသမှုခံယူနေရကြောင်း M.R.D.A က ဆိုသည်။

“သေတဲ့ကောင်တွေက ဒုတိယတစ်စီးပေါ်ကပါ။ လေယာဥ်ဆီတွေက ခန္တီးအတွက်လို့ကြားတယ်ဗျ။ အဲ့မှာလေယဉ်ဆီနည်းနေပြီ ထင်တယ်။”ဟု နောင်ရိုးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သား အင်အား ၈၀မှ ၁၀၀ကြား လိုက်ပါလာကြောင်း ၎င်းက ပြောသည်။

ဒေါင်းရာဇာပြောက်ကျားတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မှန်ကြီးကလည်း “လေယာဥ်ဆီပါတဲ့အစီးကို ဘေးက စစ်သင်္ဘောက ရံပေးထားတယ်။ နောက် ကနှစ်စီးက ပစ်ပြီးလိုက်တယ်။ အဲသင်္ဘောတွေကိုတိုက်တာပါ။”ဟု ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်သင်္ဘောများအား ပေါင်းဝကျေးရွာအနီးတွင် အခြားတော်လှန်ရေးအဖွဲ့များက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးရှိ နေအိမ်အချို့ ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးကို စေတန်ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ (၂ )၊ ဒေါင်းရာဇာပျောက်ကြားတပ်ဖွဲ့၊ SGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ