Connect with us

Hi, what are you looking for?

သတင်း

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကြုံတွေ့နေရသည့်အတွက် ရေဘေးရှောင်စခန်းတွင် လူဦးရေထောင်ချီ ခိုလှုံနေထိုင်နေရသည်။

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ
မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

ဒေသအလိုက် မိုးကြီးခဲ့ပြီး သဘာ၀ဘေးဒဏ်ကြုံနေရသည့် ကရင်ပြည်နယ်တွင် ယနေ့ ဩဂုတ်လ(၇)ရက် နေ့လည်ပိုင်းက မြ၀တီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အခြေအနေက ပိုပိုပြီးတော့ဆိုးလာတယ်။ ကုန်စျေးနှုန်းကတော့ တက်မှာပဲလေ။ ပြီးရင်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှာ ပိတ်နေတာပဲ ကားတွေ။ အခုဆိုလည်း ပိုဆိုးသွားပြီ။ တခြားလမ်း အသုံးပြုမယ်ဆိုရင် တခြားလမ်းလည်း မိုးတွင်းက အဆင်ပြေမှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးဇလ၏ ယနေ့ မွန်းလွဲနှစ်နာရီအချိန် ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးခဲ့ပြီး ၊ ကော့ကရိတ်မြို့နှင့် မြ၀တီမြို့တွင် မိုးရေချိန်(၅)လက်မကျော်ရှိကာ နောက်ရက်များတွင်လည်း ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ
မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ(၇)ရက် နံနက်ပိုင်း၌ မြ၀တီမြို့ အာရှလမ်းမပေါ် မြေနီကုန်းဘက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သော မြ၀တီ-ကော့ကရိတ်အာရှလမ်းမ တောနောရေတံခွန်အနီးတွင် နေ့လည် (၁၂) နာရီကျော်အချိန်က ကားလမ်းမြေသားပြိုကျမှု ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဆိုပါအနီးနားတစ်၀ိုက်၌ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း ခရီးသွားများက ပြောသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကြုံတွေ့နေရသည့်အတွက် ရေဘေးရှောင်စခန်းတွင် လူဦးရေထောင်ချီ ခိုလှုံနေထိုင်နေရသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထွန်စွာရွာသွန်းခဲ့ပြီး မြစ်ရေကြီးမှုကြောင့် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးကို ကြုံတွေ့ခဲ့ရပြီး လူဦးရေသောင်းဂဏန်းခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကချုံချင်းဒေသမှာဆိုးရွားတဲ့မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။