Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကြုံတွေ့နေရသည့်အတွက် ရေဘေးရှောင်စခန်းတွင် လူဦးရေထောင်ချီ ခိုလှုံနေထိုင်နေရသည်။

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ
မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

ဒေသအလိုက် မိုးကြီးခဲ့ပြီး သဘာ၀ဘေးဒဏ်ကြုံနေရသည့် ကရင်ပြည်နယ်တွင် ယနေ့ ဩဂုတ်လ(၇)ရက် နေ့လည်ပိုင်းက မြ၀တီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အခြေအနေက ပိုပိုပြီးတော့ဆိုးလာတယ်။ ကုန်စျေးနှုန်းကတော့ တက်မှာပဲလေ။ ပြီးရင်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှာ ပိတ်နေတာပဲ ကားတွေ။ အခုဆိုလည်း ပိုဆိုးသွားပြီ။ တခြားလမ်း အသုံးပြုမယ်ဆိုရင် တခြားလမ်းလည်း မိုးတွင်းက အဆင်ပြေမှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးဇလ၏ ယနေ့ မွန်းလွဲနှစ်နာရီအချိန် ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးခဲ့ပြီး ၊ ကော့ကရိတ်မြို့နှင့် မြ၀တီမြို့တွင် မိုးရေချိန်(၅)လက်မကျော်ရှိကာ နောက်ရက်များတွင်လည်း ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။

မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ
မြေပြိုကျသည့် အာရှလမ်းပေါ်အနီးတစ်ဝိုက် ထပ်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ(၇)ရက် နံနက်ပိုင်း၌ မြ၀တီမြို့ အာရှလမ်းမပေါ် မြေနီကုန်းဘက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သော မြ၀တီ-ကော့ကရိတ်အာရှလမ်းမ တောနောရေတံခွန်အနီးတွင် နေ့လည် (၁၂) နာရီကျော်အချိန်က ကားလမ်းမြေသားပြိုကျမှု ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဆိုပါအနီးနားတစ်၀ိုက်၌ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း ခရီးသွားများက ပြောသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကြုံတွေ့နေရသည့်အတွက် ရေဘေးရှောင်စခန်းတွင် လူဦးရေထောင်ချီ ခိုလှုံနေထိုင်နေရသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထွန်စွာရွာသွန်းခဲ့ပြီး မြစ်ရေကြီးမှုကြောင့် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးကို ကြုံတွေ့ခဲ့ရပြီး လူဦးရေသောင်းဂဏန်းခန့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ(၄၄) လက်အောက်ခံ ခမရ−၂၀၇၊ တပ်မ (၂၂) လက်အောက်ခံ ခမရ−၂၀၁၊ ခလရ(၂၃၁) တပ်ရင်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၏ ခမရ-၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် (၆)ဦးသေဆုံးကာ ဒုခွဲမှူးတစ်ဦး အပါအဝင် ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

မတူပီ -ဟားခါးလမ်း ၊ လုံလှော် -ဇကမ်းအကြား ကားလမ်းမ မြေပြိုမူ့များနေကြောင်း CDFက ထုတ်ပြန်ခဲ့ပြီး မြေပြိုမူ့နေရာများအား ခရီးသွားလားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

သတင်း

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။

သတင်း

အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းမှ တောနောရေတံခွန်အနီးတွင် ဩဂုတ်လ ၇ရက် နံနက်က ပေ ၁၀၀ ​ကျော်အကျယ် မြေပြိုကျခဲ့ပြီး ယနေ့ ထပ်ပြိုခြင်းဖြစ်သည်။ ထိုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေ​ကြောင်း မြဝတီမြို့မှ ကုန်သည်အချို့ကပြောသည်။