Connect with us

Hi, what are you looking for?

News

မြ၀တီ-ကော့ကရိတ်အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမနဲ့ပတ်သက်တဲ့ KNU ရပ်တည်ချက်ကို အလုပ်သမားတပ်ပေါင်းစုထောက်ခံ

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုဟာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများနဲ့ အလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အလုပ်သမားအဖွဲ့အစည်း(၁၈)နဲ့ စုဖွဲ့ထားတာဖြစ်တယ်လို့ အဲ့ဒီတပ်ပေါင်းစုရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကေအဲန်ယူက မြ၀တီ-ကော့ကရိတ်အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမ အသုံးပြုမှု ယာယီရပ်ဆိုင်းထားတာဟာ မှန်ကန်ပြီး ဆက်လက်ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်က ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးနဲ့ မြ၀တီ-ဝေါ်လေကားလမ်းမပိုင်း အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ကြေငြာထားတာပါ။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမကို ယာယီရပ်ဆိုင်းထားတာဟာ စစ်ကောင်စီရဲ့ဝင်ငွေတွေရပ်တန့်ဖို့နဲ့ ဝင်ငွေရရှိနိုင်တဲ့လမ်းကြောင်းကို ဖြတ်တောက်ထားတာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုနဲ့ ထပ်တူကျမှန်ကန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကေအဲန်ယူအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကရင်ပြည်နယ်ဒေသတွေအတွင်း နယ်မြေစိုးမိုးမှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကာကွယ်ဖို့အတွက် ကြိုးစားဆောင်ရွက်ခြင်း​ဖြစ်တာကို အသိအမှတ်ပြုပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် မိမိတို့ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေက ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ကော့ကရိတ်မြို့နယ်ရဲ့ ရပ်တည်ဆောင်ရွက်မှုတွေကို အားပေးထောက်ခံပြီး ဆက်လက်ဆောင်ရွက်သင့်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကလည်း နှစ်နိုင်ငံကိုဗစ်ရောဂါ ကာကွယ်ရေးအစီအစဉ်တွေနဲ့ သွားလာမှုခက်ခဲတဲ့ကာလ အလုပ်အကိုင်ရှားပါတဲ့ကာလတွေမှာ အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေလမ်းမမှာ သွားလာမှုယာယီရပ်ဆိုင်းပြီး စစ်အုပ်စုကိုပြောင်းလဲဖို့ကြိုးစားမှုကို အလုပ်သမားတွေအနေနဲ့ နေရပ်မပြန်ခြင်းအားဖြင့် ပါဝင်ကူညီကြဖို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက အကူအညီတောင်းခံထားပါတယ်။

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုဟာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများနဲ့ အလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အလုပ်သမားအဖွဲ့အစည်း(၁၈)နဲ့ စုဖွဲ့ထားတာဖြစ်တယ်လို့ အဲ့ဒီတပ်ပေါင်းစုရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook