Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်နယ်တွင် ​ရေလွမ်းမိုးမှုနှင့် ​မြေပြိုမှုများဆက်လက်ဖြစ်ပွား​​နေ

အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းမှ တောနောရေတံခွန်အနီးတွင် ဩဂုတ်လ ၇ရက် နံနက်က ပေ ၁၀၀ ​ကျော်အကျယ် မြေပြိုကျခဲ့ပြီး ယနေ့ ထပ်ပြိုခြင်းဖြစ်သည်။ ထိုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေ​ကြောင်း မြဝတီမြို့မှ ကုန်သည်အချို့ကပြောသည်။

(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)

▪︎မြဝတီ-​ကော့ကရိတ်လမ်း​မြေပြိုမှုများ​ကြောင့်နယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေ​

ကရင်ပြည်နယ်တွင်ရေလွှမ်းမိုးမှု နှင့်မြေပြိမှုများဆက်လက်ဖြစ်ပွား​နေပြီး မြဝတီ-ကော့ကရိတ်ဆက်သွယ်ထားသည့် အာရှလမ်းမကြီးတွင်ရော၊ လမ်းဟောင်းနေရာအချို့ တွင်ပါ မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း​ဒေသခံအချို့နှင့် လူမှုကူညီ​ရေးအဖွဲ့အချို့က​ပြောသည်။

“အာရှလမ်းမကြီး မြေထပ်မြိုနေပါတယ်။ ဒီနေ့ခင်း ၁၂နာရီမှာ တောနောရေတံခွန်အလွန်မှာ ပေ ၂၀၀ လောက်ပြိုကျသွားပါတယ်”ဟု ကော့ကရိတ်မြို့နယ်ဒေသခံတစ်ဦးကPeople’s Spring သို့ ယ​နေ့ (သြဂုတ် ၈) ပြောသည်။

(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)
(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)

အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းမှ တောနောရေတံခွန်အနီးတွင် ဩဂုတ်လ ၇ရက် နံနက်က ပေ ၁၀၀ ​ကျော်အကျယ် မြေပြိုကျခဲ့ပြီး ယနေ့ ထပ်ပြိုခြင်းဖြစ်သည်။ ထိုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်နေ​ကြောင်း မြဝတီမြို့မှ ကုန်သည်အချို့ကပြောသည်။

“ပြန်ပြင်ဖို့တောင် မလွယ်ဘူး။ မိုးက ‌တောင်ပေါ်မှာ မဲနေတာပဲ။ မြေပြိုတာက ဆိုးနေတယ်”ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)
(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)

အာရှလမ်းမကြီးမဖွင့်ခင် ၂၀၁၄ ခုနှစ်ရှေ့ပိုင်းကာလတွင်အသုံးပြုခဲ့သော ဒေါ်နတောင်ဖြတ်လမ်း လမ်းဟောင်းနေရာအချို့၌လည်း မြေပြိုမှုဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူအချို့ကပြောသည်။

ဩဂုတ်လ(၇)ရက် နေ့ခင်းပိုင်းကအာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွင် တွဲကားမြေစာပုံပိခဲ့​သောနေရာအနီး(ရင်ကွဲတောင်အဆင်း၊ နတ်စင်ကွေ့အကျော်၊ကော့ကရိတ်ဘက်ခြမ်း)၌ တောင်ပြိုမှုထပ်မံဖြစ်ပွားခဲ့သည်။ ယနေ့​တောင်ပြိုမှု​ကြောင့် မြေစာပုံသည်ယမန်​နေ့ကမြေစာပုံထက် သုံးဆခန့်ကြီးမားပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်းကလည်းအသိ​ပေးထားသည်။

(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)
(အာရှလမ်းမကြီး ၊မြဝတီ-ကော့ကရိတ်လမ်းတောနောရေတံခွန်တွင် သြဂုတ်လ ၈ ရက်က ​မြေပြိုမှုထပ်မံဖြစ်ပွားမှုနှင့် ဘားအံ့မြို့ သံလွင်မြစ်ကမ်းတစ်နရာ ​ရေလွှမ်းမိုး​နေမှု။ ဓါတ်ပုံ- သင်္ဃန်းညီနောင် လူမှုကူညီကယ်‌ဆယ်ရေးအသင်း၊ CJ)

ထို့အပြင် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်၌ဆက်လက် မြင့်တက်‌နေပြီး ဘားအံ၊ကော့ကရိတ်၊လှိုင်းဘွဲ့၊ မြဝတီမြို့တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည်။ ဘားအံ၊ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် လတ်‌တလောရေဘေးကြောင့် ဘေးလွတ်ရာ ယာယီခိုလှုံနေရသူဦးရေသည် ၇၀၀၀ ခန့်ရှိကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

ကရင်ပြည်နယ်အတွင်း လတ်တလောတွင် မိုးသည်းထန်စွာရွာသွန်း နေသည်။ မုတ်သုံလေအားကောင်းနေ၍ ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသတချို့တွင် မိုးဆက်လက်ပိုနေနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယမန်နေ့(ဩဂုတ်လ ၇ရက်)က သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ၊ကယားပြည်နယ် စ​သော​ဒေသအချို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ​ရေကြီး​ရေလျှံ​နေ​သော်လည်း မန္တ​လေးတိုင်း ၊မ​ကွေးတိုင်း ၊စစ်ကိုင်းတိုင်းရှိ ​ဒေသအချို့တွင် မိုး​ခေါင်​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

သတင်း

မတူပီ -ဟားခါးလမ်း ၊ လုံလှော် -ဇကမ်းအကြား ကားလမ်းမ မြေပြိုမူ့များနေကြောင်း CDFက ထုတ်ပြန်ခဲ့ပြီး မြေပြိုမူ့နေရာများအား ခရီးသွားလားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

သတင်း

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။

သတင်း

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနှင့် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဒဏ်ကြုံတွေ့နေရသည့်အတွက် ရေဘေးရှောင်စခန်းတွင် လူဦးရေထောင်ချီ ခိုလှုံနေထိုင်နေရသည်။