Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည် ဆန္ဒပြနေချိန် လူငယ် ၃ ဦးဖမ်းခံရ

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

မုံရွာအမြင့်လမ်းရွာတစ်ရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည်ချီတက်ဆန္ဒပြနေကြစဉ်
မုံရွာအမြင့်လမ်းရွာတစ်ရွာမှာ ရှစ်လေးလုံးနှစ်ပတ်လည်ချီတက်ဆန္ဒပြနေကြစဉ်

ရှစ်လေးလုံး နှစ်ပတ်လည်နေ့အဖြစ် စစ်ကိုင်းတိုင်း ၊မုံရွာမြို့ပေါ်မှာ မနေ့ ညနေပိုင်း ဆန္ဒပြနေချိန် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်ဖြိုခွင်းခံရပြီး လူငယ် ၃ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံကသိရပါတယ်။

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။

” ဝိုင်းပစ်တဲ့အချိန်မှာ အားလုံးပြေးကြတာပေါ့ ၊ချက်ချင်းဆိုသလို ကောက်တင်သွားတာ”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူငယ် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရသွားနိုင်ခြေရှိတယ်လို့ လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

လူငယ် ၃ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့သိရပါတယ်။

ဓာတ်ပုံ − မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။