Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ဖျက်ဆီးလိုက်ပြီးဖြစ်၍ NCA မရှိတော့ဟု KNU ပြော

KNU​၏ (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ရက်ပေါင်း ၁၀၀အတွင်း လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၀ရက်၌ ကျင်းပခဲ့ရာ NCAနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ကိုးကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို နေပြည်တော်၌ ၂၀၂၀ သြဂုတ် ၁၃ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - PS)
(ကိုးကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို နေပြည်တော်၌ ၂၀၂၀ သြဂုတ် ၁၃ရက်က ကျင်းပနေစဉ်။ ဓာတ်ပုံ - PS)

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)ပါ အခြေခံမူများကို စစ်ကောင်စီတပ်က နင်းချေဖျက်ဆီးလိုက်ခြင်းကြောင့် NCAမရှိတော့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ယနေ့ အသိပေး ပြောကြားလိုက်သည်။

KNU​၏ (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ရက်ပေါင်း ၁၀၀အတွင်း လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၀ရက်၌ ကျင်းပခဲ့ရာ NCAနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။

NCA အခန်း(၁) အခြေခံမူတွင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံက ပေးသည့် ဖက်ဒရယ်ပုံစံကို KNU အပါအဝင် မည်သူမျှမလိုလားဟုလည်း ပဒိုစောတာဒိုမူးက ပြောသည်။

ထို့အပြင် ၂၀၀၈ကို ဖျက်သိမ်းရေးတောင်းဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲ တည်ဆောက်ရန် တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၀၈ အခြေံပြီးလုပ်ဆောင်သည့် မည်သည့်ရွေးကောက်ပွဲမှ မလုပ်သင့်ဟုလည်း ပြောသည်။

“ကျနော်တို့ ရွေးကောက်ပွဲကို လက်မခံပါဘူး။ ၂၀၀၈ကို အခြေခံတဲ့ ဘယ်ရွေးကောက်ပွဲမှ ကျနော်တို့ အသစ်မလုပ်သင့်ဘူး။လုပ်တဲ့ ရွေးကောက်ပွဲသည် အကောင်းထက်အဆိုးဘက်ကိုပဲ ဦးတည်ပြီးတော့ ပိုပြီးတော့ ဗမာပြည်ရဲ့ ပြဿနာ ဖြေရှင်းတဲ့နေရာမှာ ခက်ခဲရှုပ်ထွေးသွားစေမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးကို အခြေပြုတဲ့ ရွေးကောက်ပွဲကို အခြေခံသော လှုပ်ရှားမှုမှန်သမျှကို မကူညီကြဖို့ ပြောကြားလိုပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

KNU၏ အဓိက ရည်မှန်းချက်မှာ ခေတ်ပြောင်း၊ စနစ်ပြောင်းကို ဖော်ဆောင်ရန်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။