Connect with us

Hi, what are you looking for?

သတင်း

NCA အကောင်အထည်မဖော်နိုင်ခြင်းမှာ နိုင်ငံရေး အပြောင်းအလဲကြောင့်ဟု PPST ကြေညာပြီး စစ်တပ်အာဏာသိမ်းမှုကို ဖုံးကွယ်ဖော်ပြ

ထို့ပြင် NCA အထိမ်းအမှတ် ဂုဏ်ပြုမှုကိုပါဝင်တက်ရောက်ရန် လိုအပ်၍ တက်ရောက်ရခြင်းဖြစ် ကြောင်း၊ NCA သည် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည် အစပျိုးတည်ဆောက်ရန် လမ်းစပင်ဖြစ်ကြောင်း PPSTက ထုတ်ပြန်ခဲ့သည်။

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့
အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အကော်အထည်မဖော်နိုင်ခြင်းမှာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ကြီးများစွာ ဖြစ်ပေါ် လာခြင်းကြောင့် ဟု စစ်ကောင်စီနှင့် ထိတွေ့ဆက် ဆံနေသည့် လက်နက်ကိုင်တပ်များမှ ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ယနေ့ ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်ခဲ့သည့် လုပ်ရပ်များကို ထုတ်ပြန်ဖော်ပြခြင်းမရှိဘဲ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရေးကို အကောင်အထည်ဖော်နေကြောင်း PPSTက ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းသည် ဆိုသည့် စကားရပ်ကိုပင် သုံးနှုံးဖော်ပြခြင်းမရှိဘဲ နိုင်ငံရေး အပြောင်းအလဲဟု ပေါ့တန်စွာ ထုတ်ပြန်ခဲ့သည်။

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့
အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

PPST အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင် ပြီး အဓိပ္ပါယ်ပြည့်၀သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများ အကာအကွယ်ပေးရေး ဟူသော NCA အခြေခံမူ သုံးချက်ကို ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း NCA လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်နေ့ တွင် ရှင်းလင်းတင်ပြလိုသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် NCA အထိမ်းအမှတ် ဂုဏ်ပြုမှုကိုပါဝင်တက်ရောက်ရန် လိုအပ်၍ တက်ရောက်ရခြင်းဖြစ် ကြောင်း၊ NCA သည် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည် အစပျိုးတည်ဆောက်ရန် လမ်းစပင်ဖြစ်ကြောင်း PPSTက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

PPSTကို မူလက NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များသာ PPSTတွင် ကျန်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွစွာတိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) က ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းမပြုတော့ပေ။

PPST တွင် ကျန်ရှိနေသည့် အဖွဲ့များဖြစ်သော မွန်တပ် (NMSP)၊ ရှမ်း(RCSS)၊ ပအိုဝ်း(PNLO)၊ ကရင် DKBAနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင် ALP စသည့် လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီမင်းအောင်လှိုင်ဖိတ်ခေါ်သည့် ဆွေးနွေးပွဲများ၌ ပါဝင်နေသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) စသည့် တိုင်းရင်းသားတော်လှန်ရေးတပ်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံရေး၊ စစ်ရေး အရ ပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်အပြီးတိုင် တိုက်ဖျက်ရေး တိုက်ပွဲဝင်လျက်ရှိသည်။ NUG အနေဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး အဆုံးအဖြတ် တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်ကြောင်း အောက်တိုဘာ ၇ရက်တွင် ကြေညာခဲ့ပြီး စစ်ကောင်စီကို ဘက်ပေါင်းစုံမှ ထိုးစစ် ဆင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေကို ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ကြုံတွေ့နေရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထ်ဟာ ထောင်ဒဏ် ကျခံနေရာကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ (အပိုင်း-၂ ၊နိဂုံး)