Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် ဓားပြအဖွဲ့သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေး ပြည်သူအများအပြားလိုက်ပါပို့ဆောင်

ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

မုံရွာမြို့တွင် လက်နက်ကိုင်လူတစ်စု၏ ဓားပြတိုက်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည် ထန်းတောကျွန်းဆွယ်ရပ်မှ အသက်(၂၅)နှစ်အရွယ် မအေးငြိမ်းသူနှင့် ၎င်း၏သန္ဓေသားအရွယ် သားယောင်္ကျားလေး အလောင်းအား ယနေ့(သြဂုတ် ၁၂ ရက်) ညနေပိုင်းက အဆိုပါမြို့မသုဿန်သို့ ပို့ဆောင်ခဲ့သည်။

အဆိုပါနာရေးအား မုံရွာမြို့ရှိ ပြည်သူလူထုအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သြဂုတ် ၁၀ရက် ညနေ၃နာရီခန့်က လူတစ်စုက ဓားပြတိုက်ဝင်ရောက်ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ကာ ဖုန်းနှင့်ဆိုင်ကယ် ဓားပြတိုက်ခဲ့သည့် တော်လှန်ရေးအယောင်ပြ Monywa Force အဖွဲ့မှ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ GUARDIAN FORCEတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

ယင်းအဖွဲ့သည် ဒလန်ရှင်းလင်းရေးဟု အမည်တပ်၍ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် အပြစ်မဲ့ပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိခဲ့ကြောင်း၊ တော်လှန်ရေး နာမည်ဖျက်ရန်အတွက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း မုံရွာ(ပလဖ)အဖွဲ့တာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။