Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ဓားပြအဖွဲ့သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေး ပြည်သူအများအပြားလိုက်ပါပို့ဆောင်

ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

မုံရွာမြို့တွင် လက်နက်ကိုင်လူတစ်စု၏ ဓားပြတိုက်သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည် ထန်းတောကျွန်းဆွယ်ရပ်မှ အသက်(၂၅)နှစ်အရွယ် မအေးငြိမ်းသူနှင့် ၎င်း၏သန္ဓေသားအရွယ် သားယောင်္ကျားလေး အလောင်းအား ယနေ့(သြဂုတ် ၁၂ ရက်) ညနေပိုင်းက အဆိုပါမြို့မသုဿန်သို့ ပို့ဆောင်ခဲ့သည်။

အဆိုပါနာရေးအား မုံရွာမြို့ရှိ ပြည်သူလူထုအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သြဂုတ် ၁၀ရက် ညနေ၃နာရီခန့်က လူတစ်စုက ဓားပြတိုက်ဝင်ရောက်ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

ဓားပြတိုက်သူများအား မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်းလည်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ကာ ဖုန်းနှင့်ဆိုင်ကယ် ဓားပြတိုက်ခဲ့သည့် တော်လှန်ရေးအယောင်ပြ Monywa Force အဖွဲ့မှ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ GUARDIAN FORCEတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
(ကိုယ်ဝန်ဆောင်အမျိုးသမီးနာရေးအား ‌ပြည်သူများ လိုက်ပါပို့ဆောင်နေစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)

ယင်းအဖွဲ့သည် ဒလန်ရှင်းလင်းရေးဟု အမည်တပ်၍ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် အပြစ်မဲ့ပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိခဲ့ကြောင်း၊ တော်လှန်ရေး နာမည်ဖျက်ရန်အတွက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း မုံရွာ(ပလဖ)အဖွဲ့တာဝန်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။