Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

၂၀၂၆ အာဆီယံ ဥက္ကဋ္ဌတာဝန် မြန်မာရရန် မ​သေချာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို အင်အားသုံး ဖြုတ်ချပြီး အာဏာသိမ်းလိုက် ကတည်းက မြန်မာ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဓါတ်ပုံ-Thai PBS
ဓါတ်ပုံ-Thai PBS

လက်ရှိ နိုင်ငံရေး အခြေအနေတွေ၊ ပြည်တွင်းရေး အရှုပ်အထွေးတွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမယ့် ကိစ္စကို ရွှေ့ဆိုင်းဖွယ်ရှိနေကြောင်း ထိုင်း PBS သတင်းဌာနက​ဖော်ပြပါတယ်။

အာဆီယံ သံတမန် အသိုက်အဝန်းက ထိုင်းရဲ့ PBS သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ မြန်မာ အနေနဲ့ ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာကို အလှည့်ကျော်ပေးဖို့ အာဏာသိမ်း စစ်တပ်က တရားဝင် အဆိုပြုလာဖွယ် ရှိနေကြောင်း ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက် ကျူးလွန်နေတဲ့အတွက် အာဆီယံ အဖွဲ့ဟာ နိုင်ငံရေး အစည်းအဝေးတွေမှာ မြန်မာကို တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ထားပါတယ်။

တစ်နှစ်စီ တာဝန်ယူရတဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ် လောလောဆယ် အင်ဒိုနီးရှားက ရပ်တည်နေပြီး လာမယ့်နှစ်မှာ လာအို၊ ၂၀၂၅ ခုနှစ်မှာ မလေးရှားတို့က အလှည့်ကျ တာဝန်ယူသွားမှာပါ။ အက္ခရာစဉ်အရ မြန်မာဟာ ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရမှာဖြစ်ပေမယ့် ၂၀၂၇ မှာ တာဝန်ယူမယ့် ဖိလစ်ပိုင်က အစားထိုးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ မြန်မာကို ၂၀၂၇ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ်အာဆီယံကပြန်ပြီး နေရာပေး ၊မပေး ဆိုတာကိုတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး။

နေပြည်တော်မှာ ရှိနေတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်က ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ခွင့်ကို လက်လွှတ်ခံဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သံတမန် အသိုက်အဝန်းက ပြော​နေကြပါတယ်။ ဒီအခြေအနေကမြန်မာ့ ပြည်တွင်းရေးမှာ မရေရာမှုတွေ နောက်ထပ် နှစ်အတော်ကြာ ကြီးစိုးနေနိုင်သေးတယ်ဆိုတဲ့ သဘောမျိုးကို ညွှန်ပြနေတယ်လို့လည်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို အင်အားသုံး ဖြုတ်ချပြီး အာဏာသိမ်းလိုက် ကတည်းက မြန်မာ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်ခဲ့ရတာကို ဝန်ခံခဲ့ရပြီး သူတို့ကိုယ်တိုင် ပေးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကိုပါ ဖျက်ပစ်ခဲ့ပြီး ဇူလိုင်လကုန်မှာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလကို ၆ လ သက်တမ်း ထပ်တိုးခဲ့ပြန်ပါတယ်။ တစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ အရာရှိတွေအပေါ် ချမှတ်ထားတဲ့ ပြစ်မှုကာလကို လျှော့ချပေးပြီး နိုင်ငံတကာ အမြင်ကြည်မှုကိုရဖို့ အသည်းအသန် အားထုတ်နေတာကို တွေ့ရပါတယ်။

အာဆီယံဟာ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာရဲ့ ပြည်တွင်းရေး ပြဿနာတွေကို ဥက္ကဋ္ဌ ၃ နိုင်ငံ ပြောင်းပြီးချိန်အထိ ထိထိရောက်ရောက် ကူညီဖြေရှင်းနိုင်ခြင်း မရှိတဲ့ အတွက်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အင်အားစု အားလုံးကို ချိတ်ဆက် ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပေမယ့် တိုးတက်မှုတွေတော့ ထင်သာမြင်သာ မတွေ့ရသေးဘဲ ပြည်တွင်းမှာလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပါတယ်။

ကိုးကား/ဓါတ်ပုံ-Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။