Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ထိထိရောက်ရောက် ဖြေရှင်းမပြနိုင်ရင် အာဆီယံ အဖွဲ့ထဲ မဝင်ချင်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

အာဆီယံ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာမှာ စစ်တပ်က အဓမ္မ အာဏာသိမ်းယူလိုက်တဲ့ နောက်ပိုင်း ပြည်တွင်း မငြိမ်သက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံး ချွတ်ခြုံကျလာခဲ့ပါတယ်။

(အရှေ့တီမောနိုင်ငံဝန်ကြီးချုပ်ဆာနာနာဂူစ်မာအို။ ဓါတ်ပုံ-AP)
(အရှေ့တီမောနိုင်ငံဝန်ကြီးချုပ်ဆာနာနာဂူစ်မာအို။ ဓါတ်ပုံ-AP)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းချက် တစ်ခုကို ကူညီ ယူဆောင်မပေးနိုင်ရင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ထဲကို အရှေ့တီမောနိုင်ငံ ဝင်ရောက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဆာနာနာ ဂူစ်မာအိုက ပြောကြားခဲ့ပါတယ်။

တကယ်လို့ အာဆီယံက မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် ဒီအဖွဲ့အစည်းမျိုးအပေါ် တီမောအနေနဲ့ အပြည့်အဝ ယုံကြည်နိုင်မှာ မဟုတ်ကြောင်း၊ ဒါဟာ အစိုးရရဲ့ တိကျပြတ်သားတဲ့ သဘောထား ရပ်တည်မှုဖြစ်ကြောင်း ဝန်ကြီးချုပ် ဆာနာနာက သမ္မတ အိမ်တော်မှာ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာနဲ့ တွေ့ဆုံအပြီး ဩဂုတ် ၃ ရက်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူက အခုသဘောထားနဲ့ ပတ်သက်လို့ အရှေ့တီမော အစိုးရဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီလည်း အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကို ကိုယ်တိုင်ဖျက်ပြီး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ စစ်တပ် အုပ်ချုပ်မှု ကာလကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးခဲ့ပါတယ်။

အရှေ့တီမောဟာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး၊ တရားဥပဒေ စိုးမိုးမှုကို ကာကွယ်ရေး၊ လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရေးစတဲ့ ဒီမိုကရေစီ အခြေခံ စံနှုန်းတွေကို လေးစား တန်ဖိုးထားကြောင်းလည်း ဝန်ကြီးချုပ် ဆာနာနာက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အရှေ့တီမောဟာ ဒီမိုကရေစီ စံနှုန်းတွေ တိုးတက်ရေးအတွက် အစဉ်တစိုက် အားထုတ် ကြိုးစားနေတယ် ဆိုတာကို တစ်ကမ္ဘာလုံး မျက်မြင် သဘောပေါက်အောင် ပြသသွားလိုတယ်လို့လည်း ဆိုပါတယ်။ အရှေ့တီမော အနေနဲ့ ကိုယ်တိုင် နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ အတိတ်မျိုးကို ဖြတ်သန်းဖူးတဲ့တိုင် အာဏာသိမ်းတာမျိုးတော့ မကြုံခဲ့ဖူးဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အရှေ့တီမော သမ္မတ ဟော်တာနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်က မြန်မာနဲ့ အရှေ့တီမောတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်ရမှုတွေမှာ တူညီတဲ့ အတွေ့အကြုံမျိုးတွေ ရှိနေကြောင်း ပြောခဲ့သလို လတ်တလော မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အမြား ဖမ်းဆီး ခံထားရတာကိုလည်း ရှင်းပြခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာမှာ စစ်တပ်က အဓမ္မ အာဏာသိမ်းယူလိုက်တဲ့ နောက်ပိုင်း ပြည်တွင်း မငြိမ်သက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံး ချွတ်ခြုံကျလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။