Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီစစ်ဆေးရေးဂိတ်နေရာကိုသာ ဘော်ဒိုဇာဖြင့်ဖျက်ဆီးခဲ့ပြီး ရှေးဟောင်းမြို့ရိုးကို ဖျက်ဆီးခြင်းမရှိဟု TNLA ရှင်းလင်း

TNLA သတင်း ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ SSPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဟာမိတ်အချင်းချင်းဖြစ်၍ ညှိနှိုင်းကျော်လွှားသွားရမည့်ကိစ္စဖြစ်သည်ဟု ပြောကြားထားသည်။

(တအာင်းတပ်မတော်(TNLA) ဘော်ဒိုဇာဖြင့်မြေထိုးခဲ့သည်ဆိုသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP Info)
(တအာင်းတပ်မတော်(TNLA) ဘော်ဒိုဇာဖြင့်မြေထိုးခဲ့သည်ဆိုသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP Info)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းဖွင့်လှစ်သည့် နေရာကိုသာ ဘော်ဒိုဇာဖြင့်မြေထိုး ဖျက်ဆီးခဲ့ပြီး ရှမ်းဧကရာဇာ် ရှေးဟောင်းမြို့ရိုးအားဖျက်ဆီးခြင်းမရှိကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ရှင်းလင်းခဲ့သည်။

ရှမ်းဧကရာဇ်မင်းကြီး စပ်ဆေခန်ဖ လက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက မြေထိုးစက်ဖြင့် ဖြိုဖျက်ခဲ့ခြင်းကိုဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ထုတ်ပြန်ခဲ့ခြင်းအပေါ် TNLAက ဩဂုတ် ၁၈ရက် နေ့စွဲဖြင့် ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ပထမပတ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်အပါအဝင် မြို့မ ပြည်သူ့စစ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး မူဆယ်မြို့နယ် စယ်လန့်ရွာအနီးရှိ ၎င်းတို့၏ တပ်စခန်းကုန်းများအား သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ သိမ်းပိုက်ပြီးနောက် ထိုနေရာတွင် မည်သည့်တပ်ဖွဲ့မှ အခြေချ စခန်းမပြုလုပ်နိုင်ရန် အတွက် ထိုကုန်းဂမူကို ဘော်ဒိုဇာဖြင့် မြေထိုးရှင်းလင်းခဲ့ကြောင်း TNLAက အသိပေးသည်။

ဘော်ဒိုဇာဖြင့်မြေထိုးသော နေရာသည် စယ်လန့်ကျေးရွာ၏ အရှေ့ဘက်အရပ်တွင် တည်ရှိပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့၏ စစ်ဆေးရေးဂိတ် စခန်းဖွင့်လှစ်သည့် နေရာဖြစ်ကြောင်း၊ ရှမ်းဧကရာဇာ် ရှေးဟောင်းမြို့ရိုးသည် စယ်လန့်ရွာအရှေ့ဘက် ယခုဘော်ဒိုဇာဖြင့် ထိုးသည့်နေရာ၏ အရှေ့တောင်ဘက် မီတာ ၃၀ခန့်အကွာတွင် တည်ရှိနေကြာင်း မြေပုံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု ဘော်ဒိုဇာဖြင့် မြေထိုးသည့် နေရာသည် ရှေးဟောင်းမြို့ရိုးအား ထိခိုက်ပျက်စီးခြင်းမရှိခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့မှ ထိုနေရာတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခံခြင်းနှင့်ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားပါက စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ကာကျေးရွာ ပြည်သူလူထုများ၏ အသက်အိုးအိမ်အား မကြာခဏ ထိခိုက်ပျက်စီးမှုများ ရှိပါသဖြင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပုန်းခိုဂိတ်မဖွင့်နိုင်စေရန် ဘော်ဒိုဇာဖြင့် မြေထိုး ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း TNLAက ရှင်းလင်း အသိပေးခဲ့သည်။

TNLA၏ ထုတ်ပြန်ရှင်းလင်းချက်နှင့်ပတ်သက်ပြီး SSPP၏ သဘောထားကို မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

TNLA သတင်း ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ SSPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဟာမိတ်အချင်းချင်းဖြစ်၍ ညှိနှိုင်းကျော်လွှားသွားရမည့်ကိစ္စဖြစ်သည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။