Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီစစ်ဆေးရေးဂိတ်နေရာကိုသာ ဘော်ဒိုဇာဖြင့်ဖျက်ဆီးခဲ့ပြီး ရှေးဟောင်းမြို့ရိုးကို ဖျက်ဆီးခြင်းမရှိဟု TNLA ရှင်းလင်း

TNLA သတင်း ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ SSPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဟာမိတ်အချင်းချင်းဖြစ်၍ ညှိနှိုင်းကျော်လွှားသွားရမည့်ကိစ္စဖြစ်သည်ဟု ပြောကြားထားသည်။

(တအာင်းတပ်မတော်(TNLA) ဘော်ဒိုဇာဖြင့်မြေထိုးခဲ့သည်ဆိုသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP Info)
(တအာင်းတပ်မတော်(TNLA) ဘော်ဒိုဇာဖြင့်မြေထိုးခဲ့သည်ဆိုသည့်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP Info)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းဖွင့်လှစ်သည့် နေရာကိုသာ ဘော်ဒိုဇာဖြင့်မြေထိုး ဖျက်ဆီးခဲ့ပြီး ရှမ်းဧကရာဇာ် ရှေးဟောင်းမြို့ရိုးအားဖျက်ဆီးခြင်းမရှိကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ရှင်းလင်းခဲ့သည်။

ရှမ်းဧကရာဇ်မင်းကြီး စပ်ဆေခန်ဖ လက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက မြေထိုးစက်ဖြင့် ဖြိုဖျက်ခဲ့ခြင်းကိုဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ထုတ်ပြန်ခဲ့ခြင်းအပေါ် TNLAက ဩဂုတ် ၁၈ရက် နေ့စွဲဖြင့် ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ပထမပတ်တွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်အပါအဝင် မြို့မ ပြည်သူ့စစ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပြီး မူဆယ်မြို့နယ် စယ်လန့်ရွာအနီးရှိ ၎င်းတို့၏ တပ်စခန်းကုန်းများအား သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ သိမ်းပိုက်ပြီးနောက် ထိုနေရာတွင် မည်သည့်တပ်ဖွဲ့မှ အခြေချ စခန်းမပြုလုပ်နိုင်ရန် အတွက် ထိုကုန်းဂမူကို ဘော်ဒိုဇာဖြင့် မြေထိုးရှင်းလင်းခဲ့ကြောင်း TNLAက အသိပေးသည်။

ဘော်ဒိုဇာဖြင့်မြေထိုးသော နေရာသည် စယ်လန့်ကျေးရွာ၏ အရှေ့ဘက်အရပ်တွင် တည်ရှိပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့၏ စစ်ဆေးရေးဂိတ် စခန်းဖွင့်လှစ်သည့် နေရာဖြစ်ကြောင်း၊ ရှမ်းဧကရာဇာ် ရှေးဟောင်းမြို့ရိုးသည် စယ်လန့်ရွာအရှေ့ဘက် ယခုဘော်ဒိုဇာဖြင့် ထိုးသည့်နေရာ၏ အရှေ့တောင်ဘက် မီတာ ၃၀ခန့်အကွာတွင် တည်ရှိနေကြာင်း မြေပုံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု ဘော်ဒိုဇာဖြင့် မြေထိုးသည့် နေရာသည် ရှေးဟောင်းမြို့ရိုးအား ထိခိုက်ပျက်စီးခြင်းမရှိခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့မှ ထိုနေရာတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခံခြင်းနှင့်ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားပါက စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ကာကျေးရွာ ပြည်သူလူထုများ၏ အသက်အိုးအိမ်အား မကြာခဏ ထိခိုက်ပျက်စီးမှုများ ရှိပါသဖြင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပုန်းခိုဂိတ်မဖွင့်နိုင်စေရန် ဘော်ဒိုဇာဖြင့် မြေထိုး ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း TNLAက ရှင်းလင်း အသိပေးခဲ့သည်။

TNLA၏ ထုတ်ပြန်ရှင်းလင်းချက်နှင့်ပတ်သက်ပြီး SSPP၏ သဘောထားကို မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုထံသို့ ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

TNLA သတင်း ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ SSPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဟာမိတ်အချင်းချင်းဖြစ်၍ ညှိနှိုင်းကျော်လွှားသွားရမည့်ကိစ္စဖြစ်သည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။